ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
လုကာ 22:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် မပြည့်စုံမီအချိန်ထိ ဤပသခါပွဲတော်ညစာကို နောက်တစ်ဖန် ငါစားမည်မဟုတ်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible ဘု ရား သ ခင့် နိုင် ငံ တော် တွင် ထို ပွဲ တော် မ ပြည့် စုံ မီ ယ ခု မှ တစ် ပါး သုံး ဆောင် တော့ မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန် ငါမစားရဟု မိန့်တော်မူလျက်၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် ပြည့်စုံခြင်းသို့မရောက်မီတိုင်အောင် ဤပွဲတော်ကို ငါလုံးဝစားမည်မဟုတ်”ဟု သူတို့အား မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန် ငါမစားရဟု မိန့်တော်မူလျက်၊- |
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
ယေရှုအနီးတွင် ထိုင်နေသူတစ်ဦးက ထိုစကားတော်ကို ကြားသောအခါ “ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ခွင့်ရမည့်သူသည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော် မပေါ်ထွန်းမီအချိန်ထိ ယခုမှစ၍ ငါသည် စပျစ်ရည်ကို ထပ်မံမသောက်ဘဲနေမည်” ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့သည် ငါ့နိုင်ငံတော်၊ ငါ့စားပွဲတွင် စားသောက်ခွင့်ရလိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များပေါ်တွင်ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။