လုကာ 21:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ Common Language Bible သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။- Garrad Bible ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။ Judson Bible ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဤအခြင်းအရာအားလုံးမဖြစ်မီ လူတို့သည် သင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲကာ ဝတ်ပြုစည်းဝေးကျောင်းများနှင့် ထောင်များထဲသို့ ပို့ကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့် ရှင်ဘုရင်များနှင့်ဘုရင်ခံများရှေ့သို့ ခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ မြန်မာ ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- |
သို့သော် ထိုအရာများအားလုံးသည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သောဆင်းရဲဒုက္ခများ၏ အစမျှသာဖြစ်၏။
ပြင်းထန်သောငလျင်လှုပ်ခြင်း၊ နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။
‘ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်’ ဟု သင်တို့ကို ငါပြောခဲ့သောစကားကို သတိရကြလော့။ လောကီသားတို့သည် ငါ့ကို ညှဉ်းပန်းနှိပ်စက်လျှင် သင်တို့ကိုလည်း ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သူတို့သည် ငါ့စကားကို နားထောင်လျှင် သင်တို့၏စကားကိုလည်း နားထောင်ကြလိမ့်မည်။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။
သူတို့သည် ဂါမလျေလ၏အဆိုကို လက်ခံကြသဖြင့် တမန်တော်တို့ကိုခေါ်၍ ကြိမ်ဒဏ်ပေးပြီးနောက် ယေရှု၏အမည်နာမကို အမှီပြုလျက် မဟောပြောရန် အမိန့်ပေးကာ လွှတ်လိုက်ကြ၏။
သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။
သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် “ရှောလု၊ ရှောလု ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း” ဟု သူ့အား ပြောဆိုသောစကားသံကို ကြားရ၏။
သခင်ဘုရား၏ မျက်နှာတော်ကို ထောက်၍ လူတို့၏အုပ်ချုပ်မှုကို နာခံကြလော့။ အကြီးဆုံးသောအာဏာပိုင်ရှင်ဘုရင်၏ အုပ်ချုပ်မှုကို ဖြစ်စေ၊
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။