Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:12 - မြန်မာ

12 ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သို့သော် ဤ​အရာများ​မဖြစ်ပွား​မီ လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သင်တို့​ကို ဂျူးဝတ်ပြုဆောင်များ​သို့ တရားစီရင်​ရန် အပ်ကြ​လိမ့်မည်။ ထောင်များ​တွင်လည်း အကျဉ်းချထားကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရအာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:12
31 ပူးပေါင်းရင်းမြစ်များ  

ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။-


ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး​ပင် ဖြစ်​သ​တည်း။-


အ​ရပ်​ရပ်​တို့၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကာ​လ​နာ​များ​ပြား​ခြင်း​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ မိုး​ကောင်း​ကင်၌​လည်း ကြောက်​မက်​ဖွယ်​သော​အ​ရာ​နှင့် ကြီး​စွာ​သော​ပု​ပ္ပ​နိ​မိတ်​တို့​သည် ပေါ်​ထွန်း​ကြ​လိမ့်​မည်။-


ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-


ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ