Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့သော် ဤ​အခြင်းအရာ​အားလုံး​မ​ဖြစ်​မီ လူ​တို့​သည် သင်​တို့​ကို​ဖမ်းဆီး​၍ ညှဉ်းဆဲ​ကာ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် ထောင်​များ​ထဲသို့ ပို့​ကြ​လိမ့်မည်။ သင်​တို့​သည် ငါ​၏​နာမ​ကြောင့် ရှင်ဘုရင်​များ​နှင့်​ဘုရင်ခံ​များ​ရှေ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သို့သော် ဤ​အရာများ​မဖြစ်ပွား​မီ လူတို့​သည် သင်တို့​ကို ဖမ်းဆီး​၍ ညှဉ်းပန်းနှိပ်စက်ကြ​လိမ့်မည်။ သင်တို့​ကို ဂျူးဝတ်ပြုဆောင်များ​သို့ တရားစီရင်​ရန် အပ်ကြ​လိမ့်မည်။ ထောင်များ​တွင်လည်း အကျဉ်းချထားကြ​လိမ့်မည်။ ငါ​၏​နောက်လိုက်များ​ဖြစ်သောကြောင့် သင်တို့​ကို ရှင်ဘုရင်များ​နှင့် အစိုးရအာဏာပိုင်များ​ရှေ့သို့ ခေါ်ဆောင်သွားကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 ထို​အ​မှု​အ​ရာ​များ​မ​ဖြစ်​မီ လူ​များ​တို့​သည် ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို ဖမ်း​ဆီး​ညှဉ်း​ဆဲ၍ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ထောင်​ထဲ၌​လည်း​ကောင်း အပ်​နှံ​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်၊ ဝန်​မင်း​ထံ​သို့ ပို့​ဆောင်​ကြ​လိ​မ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:12
31 ပူးပေါင်းရင်းမြစ်များ  

အခြား​သော​သူ​တို့​မူကား ဘုရင်​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​လျက် နှိပ်စက်​ကာ သတ်ဖြတ်​ကြ​၏။


ဤ​အရာ​အားလုံး​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။


အရပ်ရပ်​တို့​၌ ပြင်းထန်​သော​ငလျင်​လှုပ်​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ကပ်ရောဂါ​ဆိုက်​ခြင်း​တို့​ဖြစ်​ကြ​လိမ့်မည်။ မိုး​ကောင်းကင်​၌​လည်း ကြောက်မက်​ဖွယ်​ရာ​များ​နှင့် ကြီးမား​သော​အတိတ်​နိမိတ်​များ​ပေါ်ထွန်း​ကြ​လိမ့်မည်။


‘ကျွန်​သည် သူ့​သခင်​ထက် ကြီးမြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စကား​ကို သတိရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်းဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်းဆဲ​ကြ​လိမ့်မည်။ ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခဲ့​လျှင် သင်​တို့​၏​စကား​ကို​လည်း လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်။


သို့ရာတွင် သူ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို မ​သိ​ကြ​သဖြင့် ငါ​၏​နာမ​ကြောင့် သင်​တို့​အပေါ် ထို​အမှုအရာ​အားလုံး​တို့​ကို ပြု​ကြ​လိမ့်မည်။


နောက်တစ်နေ့​တွင် တပ်မှူးကြီး​သည် ဂျူး​လူမျိုး​တို့​၏​စွပ်စွဲ​ခြင်း​ကို ပေါလု​အဘယ်ကြောင့်​ခံ​နေ​ရ​သည်​ကို အတိအကျ​သိ​လို​သဖြင့် ပေါလု​ကို အချည်အနှောင်​မှ​ဖြေ​ပေး​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​တစ်ခုလုံး​အား စုဝေး​ကြ​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ရှေ့၌​ရပ်​စေ​၏။


ထို့နောက် တမန်တော်​တို့​ကို​ခေါ်​လျက် ရိုက်နှက်​ပြီးမှ ယေရှု​၏​နာမ​ကို​အမှီပြု၍ ဟောပြော​သွန်သင်​ခြင်း​မ​ပြု​ရန် အမိန့်​ပေး​ကာ ပြန်လွှတ်​လိုက်​ကြ​၏။


ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။


သူ​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့​ကို​ညှဉ်းဆဲ​သနည်း”​ဟု သူ့​အား​ပြော​သော​အသံ​ကို​ကြား​ရ​၏။


လူ​တို့​စီရင်​ခန့်ထား​သော​အုပ်ချုပ်​မှု​စနစ်​အားလုံး​ကို သခင်​ဘုရား​၏​မျက်နှာ​တော်​ကို​ထောက်၍ နာခံ​ကြ​လော့။ အထွတ်အမြတ်​ဖြစ်​သော​ရှင်ဘုရင်​ကို​ဖြစ်စေ၊


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ