သို့ဖြစ်၍ သူသည် လူများစွာတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများကို ပေါ်လွင်စေမည်။ သင့်စိတ်နှလုံးသည်လည်း ဓားဖြင့် ထိုးခံရသကဲ့သို့ ဖြစ်လိမ့်မည်” ဟု ဆိုလေ၏။
လုကာ 2:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ၌ အာရှာအနွယ်၊ ဖနွေလ၏သမီး အန္နဟု ခေါ်သော အသက်အရွယ်ကြီးရင့်သည့် ပရောဖက်အမျိုးသမီးတစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်တွင် အိမ်ထောင်ကျ၏။ ခင်ပွန်းနှင့် ခုနစ်နှစ်ခန့်သာ ပေါင်းသင်းနေထိုင်ပြီးလျှင် Common Language Bible အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။- Garrad Bible ၎င်း ပြင်၊ ပျို ရွယ် သူ အ ဖြစ် က လင် နှင့် ခု နစ် နှစ် ပေါင်း ဖော် ပြီး လျှင် ရှစ် ဆယ့် လေး နှစ် တိုင် တိုင် မု ဆိုး မ အ ဖြစ် နေ လျက် အ သက် ကြီး ရင့် သူ၊ အာ ရှ အ နွယ် ဖာ နွေ လ၏ သ မီး အ န္န ခေါ် ပ ရော ဖက် မ တစ် ပါး ရှိ ရာ ဗိ မာန် တော် မှ မ ထွက် ဘဲ နေ့ ညဉ့် မ ပြတ် အ စာ ရှောင် လျက် အ သ နား တော် ခံ လျက် ဝတ် ပြု နေ သည့် အ တိုင်း၊ Judson Bible အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင် မြန်မာ အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတစ်ယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့် နေပြီးလျှင်၊- |
သို့ဖြစ်၍ သူသည် လူများစွာတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများကို ပေါ်လွင်စေမည်။ သင့်စိတ်နှလုံးသည်လည်း ဓားဖြင့် ထိုးခံရသကဲ့သို့ ဖြစ်လိမ့်မည်” ဟု ဆိုလေ၏။
ရှိမောင်သည် မာရိနှင့် ယောသပ်တို့အား စကားပြောနေချိန်တွင် အန္နသည် ရောက်လာကာ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်ခံရမည်ကို စောင့်မျှော်လျက်ရှိသောသူအပေါင်းတို့အား ထိုသူငယ်အကြောင်းကို ပြောလေ၏။
ထိုနေ့ရက်များ၌ ငါ၏အစေခံအမျိုးသမီး၊ အမျိုးသားများအပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
မိန်းမသည် ဦးခေါင်းကို မဖုံးအုပ်ဘဲ ဆုတောင်းလျှင်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောလျှင်ဖြစ်စေ မိမိဦးခေါင်းကို ရှုတ်ချရာရောက်၏။ ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်သည်နှင့်အတူတူပင်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ဝိညာဉ်ဆုကျေးဇူးနှင့် ပတ်သက်သောအကြောင်းအရာများကို သင်တို့ မသိနားမလည်ဘဲမနေစေလိုပါ။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
မုဆိုးမအဖြစ် စာရင်းသွင်းခံရမည့်သူသည် အနည်းဆုံးအသက်ခြောက်ဆယ် ရှိရမည်။ သူသည် ခင်ပွန်းတစ်ယောက်တည်းသာ ရှိဖူးသူ ဖြစ်ရမည်။
အာရှာအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊