ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
လုကာ 2:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်မှုအတိုင်း ဗိမာန်တော်ထဲသို့ သွားလေ၏။ မာရိနှင့်ယောသပ်တို့သည် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်း သူငယ်ယေရှုကို ဗိမာန်တော်၌ ဆက်ကပ်ရန် ရောက်လာကြ၏။ Common Language Bible သူသည်ဝိညာဉ်တော်နှိုးဆော်ခြင်းခံရသဖြင့် ဗိမာန်တော်ထဲသို့ဝင်လေသည်။ ပညတ်တရား အရဆောင်ရွက်စရာဝတ်ကိုဆောင်ရွက်ရန် မိဘ နှစ်ပါးတို့သည်သူငယ်တော်အားဗိမာန်တော် သို့ခေါ်ခဲ့ကြသောအခါ၊- Garrad Bible ဝိ ညာဉ် တော် ကြောင့်၊ ဗိ မာန် တော် အ တွင်း ဝင် ရောက် ရာ သူ ငယ် တော် ယေ ရှု ကို ပ ညတ် တ ရား တော် ထုံး နည်း အ လျောက် ပြု ရန် မိ ဘ တို့ ဆောင် သွင်း ကြ သည့် ကာ လ၊ Judson Bible ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- မြန်မာ့စံမီသမ္မာကျမ်း သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။ မြန်မာ ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- |
ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
ထို့နောက် မောရှေ၏ပညတ်ကျမ်းအတိုင်း သန့်ရှင်းစင်ကြယ်ခြင်းကျင့်ဝတ်ကို ပြုချိန်ရောက်လာသောအခါ မိဘနှစ်ပါးတို့သည် ယေရှုကို ဘုရားသခင်ထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ယေရှု၏မိဘတို့သည် ပသခါပွဲတော် ပါဝင်ဆင်နွှဲရန် ဂျေရုဆလင်မြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။
မိဘတို့သည် ယေရှုကို တွေ့သောအခါ အံ့အားသင့်၍ မိခင်က “ငါ့သား… သင်သည် အဘယ်ကြောင့် ငါတို့ကို ဤသို့ ပြုရသနည်း။ ငါနှင့် သား၏ဖခင်သည် သားကို အလွန်စိတ်ပူ၍ နေရာအနှံ့လိုက်ရှာခဲ့ရ၏” ဟု ပြောလေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ထို့နောက် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဂျော်ဒန်မြစ်မှ ပြန်လာသောအခါ ဝိညာဉ်တော်ဦးဆောင်သည့်အတိုင်း တောကန္တာရသို့ ကြွတော်မူ၏။
ပေတရုသည် ထိုရူပါရုံအကြောင်းကို တွေးတောနေစဉ် ဝိညာဉ်တော်က “သင့်အား လူသုံးယောက် ရှာလျက်ရှိ၏။
ထို့နောက် ဝိညာဉ်တော်က ကျွန်ုပ်အား မတွန့်ဆုတ်ဘဲ ထိုသူတို့နှင့် လိုက်သွားရန် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးသည်လည်း ကျွန်ုပ်နှင့်လိုက်ပါ၍ ထိုသူ၏အိမ်သို့ ဝင်ရောက်ကြ၏။
သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့်
ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထားအနား ချဉ်းကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။
ထို့နောက် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို တောကန္တာရသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ အနီရောင်သားရဲပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို မြင်ရ၏။ ထိုသားရဲတွင် ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး တစ်ကိုယ်လုံး၌လည်း ဘုရားသခင်အား စော်ကားသောအမည်များကို အပြည့်ရေးထား၏။