ထိုသူသည် မိမိကိုယ်ကိုယ်ဖြောင့်မတ်ကြောင်းမြင်သာစေရန် “ဆရာတော် မည်သူသည် အကျွန်ုပ်နှင့်သက်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု ယေရှုအား တစ်ဖန်မေးလျှောက်လေ၏။
လုကာ 18:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်းဖြစ်သည်ဟု ခံယူကြလျက် သူတစ်ပါးအား မထီမဲ့မြင်ပြုသူတချို့အား ပုံဥပမာပေး၍ မိန့်တော်မူ၏။ Common Language Bible မိမိတို့ကိုယ်ကိုသူတော်ကောင်းဟုယုံကြည် ကာသူတစ်ပါးတို့ကိုအထင်အမြင်သေး တတ်သူလူအချို့တို့အားသခင်ယေရှု သည်ပုံဥပမာကိုဆောင်၍၊- Garrad Bible ကိုယ် တိုင် ဖြောင့် မတ် သည် ဟု အား ကိုး၍ သူ တ ကာ ကို မ ထီ လေး စား ပြု တတ် သော သူ တို့ အား ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ၊ Judson Bible ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ မြန်မာ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- |
ထိုသူသည် မိမိကိုယ်ကိုယ်ဖြောင့်မတ်ကြောင်းမြင်သာစေရန် “ဆရာတော် မည်သူသည် အကျွန်ုပ်နှင့်သက်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု ယေရှုအား တစ်ဖန်မေးလျှောက်လေ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဖာရိရှဲသည် တစ်ဦးတည်း ရပ်လျက် ‘ဘုရားသခင်… အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လှည့်ဖြားသူ၊ မတရားသောသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ထို့ပြင် ဤအခွန်ကောက်သူကဲ့သို့ မဟုတ်သည့်အတွက်လည်း ကျေးဇူးတင်ပါ၏။
ထိုအဖြစ်အပျက်ကို မြင်သောသူများက “ယေရှုသည် အပြစ်ရှိသူတစ်ဦး၏အိမ်တွင် တည်းခိုရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်ပြောဆိုကြ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
ထိုအခါ ဖာရိရှဲတို့က သူ့အား “သင်သည်သာ သူ၏ တပည့်ဖြစ်၏။ ငါတို့မှာ မောရှေ၏ တပည့်များဖြစ်ကြ၏။
သူတို့ကလည်း “သင်သည် အပြစ်အပြည့်နှင့် မွေးလာသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟု ဆိုကာ ဝတ်ပြုဆောင်မှ နှင်ထုတ်ကြ၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
သို့ဖြစ်၍ သင်သည် သင်တို့၏ ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့အား အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ဘုရားသခင်၏ တရားခွင်ရှေ့၌ ကျွန်ုပ်တို့အားလုံး ရောက်ကြရမည်ဖြစ်၏။
အစားအစာအားလုံးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို အပြစ်မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့ကို လက်ခံတော်မူပြီဖြစ်သောကြောင့်ပင်။
တစ်ချိန်က ကျွန်ုပ်သည် ပညတ်တရားကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ကို သိရှိလာသည်နှင့် တစ်ပြိုင်နက် အပြစ်တရားသည် အသက်ဝင်လာ၏။