Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:9 - မြန်မာ

9 ကိုယ်​ကု​သိုလ်​ကို အ​မှီ​ပြု၍ သူ​တစ်​ပါး​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ အ​ချို့​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 မိ​မိ​တို့​ကိုယ်​ကို​သူ​တော်​ကောင်း​ဟု​ယုံ​ကြည် ကာ​သူ​တစ်​ပါး​တို့​ကို​အ​ထင်​အ​မြင်​သေး တတ်​သူ​လူ​အ​ချို့​တို့​အား​သ​ခင်​ယေ​ရှု သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ကိုယ် တိုင် ဖြောင့် မတ် သည် ဟု အား ကိုး၍ သူ တ ကာ ကို မ ထီ လေး စား ပြု တတ် သော သူ တို့ အား ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ကိုယ်​ကု​သိုလ်​ကို အ​မှီ​ပြု၍ သူ​တစ်​ပါး​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​သော​သူ အ​ချို့​တို့​အား မိန့်​တော်​မူ​သော ဥ​ပ​မာ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယုံမှတ်​လျက် သူတစ်ပါး​တို့​ကို မထီမဲ့မြင်​ပြု​တတ်​သော​သူ​အချို့​တို့​အား ကိုယ်တော်​သည် ဤ​ပုံ​ဥပမာ​ကို​ပေး၍​မြွက်ဆို​တော်မူ​သည်​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို့ပြင် မိမိကိုယ်ကိုယ် သူတော်ကောင်း​ဖြစ်သည်​ဟု ခံယူကြ​လျက် သူတစ်ပါး​အား မထီမဲ့မြင်ပြုသူ​တချို့​အား ပုံဥပမာ​ပေး​၍ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:9
22 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က​လည်၊ အ​ဘယ်​သူ​သည် အ​ကျွန်ုပ်​နှင့် စပ်​ဆိုင်​သော​သူ ဖြစ်​ပါ​သ​နည်း​ဟု မိ​မိ​အ​ပြစ်​မ​ရှိ​ဟန် ပြု​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​လျှောက်​ပြန်​သော်။-


ဖာ​ရိ​ရှဲ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် ဆိုး​သော​သူ​တို့​ကို​လက်​ခံ၍ သူ​တို့​နှင့်​အ​တူ စား​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-


ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-


ထို​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည်​မြင်​လျှင်၊ ဆိုး​သော​လူ၏​အိမ်​သို့​ဝင်၍ လုပ်​ကျွေး​ခြင်း​ကို ခံ​တော်​မူ​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


ကိုယ်​တော်​ကို ခေါ်​ပင့်​သော​ဖာ​ရိ​ရှဲ​သည် မြင်​လေ​သော်၊ ဤ​သူ​သည် ပ​ရော​ဖက်​မှန်​လျှင် ခြေ​တော်​ကို​ကိုင်​သော ဤ​မိန်း​မ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သည်​ကို သိ​လိမ့်​မည်။ ဤ​မိန်း​မ​သည် ဆိုး​သော​သူ​ဖြစ်၏​ဟု ထင်​မှတ်၏။


ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ရှ​မာ​ရိ​လူ​ဖြစ်၏။ နတ်​ဆိုး​စွဲ​သော​သူ​လည်း​ဖြစ်၏​ဟု ငါ​တို့​ပြော​သော​စ​ကား​သည် လျောက်​ပတ်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ၏။-


ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။-


ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ