ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
လုကာ 18:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ Common Language Bible ထိုစကားကိုကြားတော်မူလျှင်သခင်ယေရှု က ``သင်သည်ပြုလုပ်ရန်တစ်ခုလိုသေး၏။ သင့် ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသူတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင်သင်သည် ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့ စွန့်ကြဲပြီးနောက်ငါ့နောက်သို့လိုက်လော့'' ဟု မိန့်တော်မူ၏။- Garrad Bible ယေ ရှု ကြား တော် မူ၍ စ ရိုက် တစ် ပါး လို သေး သည်။ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ဝေ ငှ ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။ Judson Bible ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုစကားကိုကြားလျှင်“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာအားလုံးတို့ကို ရောင်းပြီးလျှင် ဆင်းရဲသားတို့အား ခွဲဝေပေးလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- |
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
လိုအပ်သောအရာ တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမြတ်သောအရာကို ရွေးချယ်ပြီ။ ထိုအရာကို သူ့ထံမှ မည်သူမျှ မယူဆောင်နိုင်ပါ” ဟု ပြန်၍ မိန့်တော်မူ၏။
သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ထိုသူကလည်း “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
ထိုသူသည် ချမ်းသာကြွယ်ဝသူဖြစ်သောကြောင့် ဤစကားကို ကြားသော် အလွန်ဝမ်းနည်းလေ၏။
ထို့နောက် ပရိသတ်အပေါင်းတို့အား “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် ထိုပြည့်စုံခွင့်ကို ရရှိပိုင်ဆိုင်ထားပြီဟု မမှတ်ယူပါ။ သို့သော် ဤတစ်ခုသာ ကျွန်ုပ် အာရုံပြု၏။ ကျွန်ုပ်သည် နောက်၌ ကျန်ရစ်ခဲ့သောအရာများကို မေ့ထား၍ ရှေ့၌ ရှိသောအရာများထံ ဦးတည်အားစိုက်ကာ
ချစ်ရသောသူတို့… ဤအချက်ကို မမေ့နှင့်။ ထာဝရဘုရားအတွက် တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့ဖြစ်၏။ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ဖြစ်၏။