Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထို​သူ​သည် ချမ်းသာကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ဤ​စကား​ကို ကြား​သော် အလွန်​ဝမ်းနည်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို စ ကား ကို ကြား လျှင် များ စွာ ကြွယ် ဝ သူ ဖြစ် သော ကြောင့် အ လွန် နှ လုံး မ သာ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​သူ​သည် အလွန်​ချမ်းသာ​သော​သူ​ဖြစ်​သောကြောင့် ထို​စကား​ကို​ကြား​သောအခါ အလွန်​ဝမ်းနည်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:23
15 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ထို​လူငယ်​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် ထို​စကားကို ကြား​သော် စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


သို့သော် ထို​သူ​သည် ဥစ္စာပစ္စည်း​ကြွယ်ဝသူ​ဖြစ်​သောကြောင့် မျက်နှာညိုး​၍ စိတ်မသက်မသာ​ဖြင့် ထွက်သွားလေ၏။


ထို့နောက် သူတို့​အား “သတိပြုလော့။ အမျိုးမျိုးသော လောဘ​တို့​ကို သတိ​နှင့် ရှောင်ကြဉ်ကြလော့။ လူတစ်ဦး​၏​အသက်​သည် စည်းစိမ်​ကြွယ်ဝချမ်းသာမှု​ပေါ်တွင် မူတည်သည်​မဟုတ်” ဟု မိန့်တော်မူ၏။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ထိုသို့ ဝမ်းနည်းသည်​ကို ယေရှု​မြင်တော်မူ​လျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏​နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏။


ထို့နောက် ဇက္ခဲ​သည် ရပ်​၍ သခင်ဘုရား​အား “သခင်… အကျွန်ုပ်​၏​စည်းစိမ်ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသားများ​အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး​ထံမှ မတရား​ကောက်ခံထားသော​ငွေ​ရှိ​ပါက လေးဆ​ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို ကြား​သော်လည်း သူတို့​၏​စိုးရိမ်​ပူပန်ခြင်း၊ ချမ်းသာ​ကြွယ်ဝခြင်း၊ အပျော်အပါး​လိုက်စားခြင်းတို့​သည် ကြီးထွားခြင်း​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူတို့​ကို ဆိုလို၏။


တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တု​ကိုးကွယ်ခြင်း ဖြစ်သည့် လောဘ​လွန်ကြူးသောသူ တစ်ယောက်​မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။


ထိုမျှမက ကျွန်ုပ်​၏ သခင်​ယေရှု​ခရစ်တော်​ကို ရင်းနှီး​ကျွမ်းဝင်ရခြင်း​၏ ကြီးမားသည့်​တန်ဖိုး​နှင့်​ယှဉ်​လျှင် အရာ​အားလုံး​ကို အရှုံး​ဟူ၍ မှတ်ယူ၏။ ခရစ်တော်​အတွက်​ကြောင့် အရာ​အားလုံး​ကို အရှုံးခံ​၍ ၎င်းတို့​ကို မစင်​ကဲ့သို့ မှတ်ယူ၏။ ဤ​အရာ​မှာ ခရစ်တော်​ကို ရရှိ​ရန်​နှင့်


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


လောက​ကိုလည်းကောင်း၊ လောက​တွင် ရှိသော​အရာတို့​ကို​လည်းကောင်း မချစ်ကြနှင့်။ လောက​ကို ချစ်သောသူ​သည် ခမည်းတော်​ကို မချစ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ