Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:22 - မြန်မာ

22 ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ယေ ရှု ကြား တော် မူ၍ စ ရိုက် တစ် ပါး လို သေး သည်။ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ဝေ ငှ ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:22
16 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ သင်​သည်​စုံ​လင်​ခြင်း​သို့ ရောက်​လို​လျှင် သွား​လော့။ ကိုယ်​ဥ​စ္စာ​များ​ကို​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။


သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။-


တစ်​ဖန် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် စု​တေ​သော​အ​ခါ၊ အ​စဉ်​အ​မြဲ​တည်​သော ဗိ​မာန်၌ သင်​တို့​ကို လက်​ခံ​လ​တ္တံ့​သော အ​ဆွေ​ရှိ​စေ​ခြင်း​ငှာ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ဆောင်​ကြ​လော့။


အ​ရှင်​ဘု​ရား၊ ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို ငယ်​သော​အ​ရွယ်​မှ​စ၍ အ​ကျွန်ုပ်​စောင့်​ရှောက်​ပါ​ပြီ​ဟု လျှောက်​ပြန်​သည်​ကို ယေ​ရှု​သည်​ကြား​လျှင် သင်​သည် တစ်​ခု​လို​သေး၏။-


ထို​သူ​သည် များ​စွာ​သော​ဥ​စ္စာ​ကို ရ​တတ်​သော​သူ​ဖြစ်၍၊ ထို​စ​ကား​ကို​ကြား​လျှင် အ​လွန်​စိတ်​မ​သာ​သည်​နှင့် သွား​လေ၏။


ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ