မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။
လုကာ 18:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။ Garrad Bible ငါ ဆို သည် ကား ထို အ ခွန် ကောက် သည် အိမ် သို့ ပြန် သော် ဖာ ရိ ရှဲ ထက် ဖြောင့် မတ် ရာ ရောက် လေ ပြီ။ အ သို့ ဆို သော် ကိုယ် ကို ချီး မြှောက် သူ တိုင်း နှိမ့် ချ ခံ ရ လိမ့် မည်။ နှိမ့် ချ သူ မူ ကား ချီး မြှောက် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ Judson Bible ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- |
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။
ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ရာဇပလ္လင်မှ ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
ထိုသူသည် မိမိကိုယ်ကိုယ်ဖြောင့်မတ်ကြောင်းမြင်သာစေရန် “ဆရာတော် မည်သူသည် အကျွန်ုပ်နှင့်သက်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု ယေရှုအား တစ်ဖန်မေးလျှောက်လေ၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဘုရားသခင် ရွေးချယ်တော်မူသောသူတို့ကို မည်သူအပြစ်တင်ဝံ့သနည်း။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူသောအရှင်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
သခင်ဘုရားရှေ့တော်၌ မိမိကိုယ်ကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား များပြားသောကျေးဇူးတော်ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။