လုကာ 18:14 - Common Language Bible14 သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ငါ ဆို သည် ကား ထို အ ခွန် ကောက် သည် အိမ် သို့ ပြန် သော် ဖာ ရိ ရှဲ ထက် ဖြောင့် မတ် ရာ ရောက် လေ ပြီ။ အ သို့ ဆို သော် ကိုယ် ကို ချီး မြှောက် သူ တိုင်း နှိမ့် ချ ခံ ရ လိမ့် မည်။ နှိမ့် ချ သူ မူ ကား ချီး မြှောက် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ14 ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။-
သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-