ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။
လုကာ 16:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစီမံခန့်ခွဲသူက ‘ငါသည် မည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့အား စီမံခန့်ခွဲသည့်အလုပ်မှ ထုတ်လေပြီ။ ငါသည် အလုပ်ကြမ်းလုပ်ရန် ခွန်အားမရှိ။ တောင်းစားရန်လည်း ရှက်ရွံ့၏။ Common Language Bible မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။- Garrad Bible ထို အ ခါ ဘ ဏ္ဍာ စိုး သည် ရာ ထူး ကို ငါ့ အ ရှင် ချ မည် ဖြစ်၍ မည် သို့ ငါ ပြု ရ အံ့ နည်း။ တူး ဆွ ရန် မ စွမ်း၊ တောင်း စား ရန် လည်း ရှက်၏။ Judson Bible ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှဖယ်ရှားလေပြီ။ ငါသည် မြေတူးရန်အားမရှိ။ တောင်းစားရန်လည်းရှက်၏။ မြန်မာ ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။- |
ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။
ထို့နောက် ယေရှုနှင့် တပည့်တော်တို့သည် ဂျေရိခေါမြို့သို့ ရောက်ကြ၏။ ထိုမြို့မှ ထွက်ခွာတော်မူစဉ် လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ တိမဲ၏ သား ဗာတိမဲအမည်ရှိသောမျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းဘေးတွင် ထိုင်နေ၏။
သူက ‘ငါ၏ကောက်ပဲသီးနှံများကို သိုလှောင်ရန် နေရာမရှိတော့ပြီ။ ထို့ကြောင့် မည်သို့ ပြုလုပ်ရမည်နည်း’ ဟူ၍ တစ်ကိုယ်တည်း တွေးတောလေ၏။
ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
သူ၏အိမ်တံခါးဝတွင် အနာစိမ်းများနှင့်ပြည့်နေသည့် လာဇရုအမည်ရှိသော ဆင်းရဲသားတစ်ဦးရှိ၏။ သူသည် လဲလျောင်းကာ
နောက်ဆုံးတွင် ထိုဆင်းရဲသားကွယ်လွန်သဖြင့် ကောင်းကင်တမန်များက အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးကြီးသည်လည်း ကွယ်လွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
ယခုအလုပ်မှ ထုတ်ပယ်ခံရသော်လည်း မိတ်ဆွေများသည် သူတို့အိမ်၌ ငါ့ကိုလက်ခံရန် မည်သို့ပြုရမည်ကို ငါသိပြီ’ ဟု တွေးလေ၏။
တရားသူကြီးသည် တရားမစီရင်ဘဲ အချိန်အတန်ကြာသည်အထိ လျစ်လျူရှုလေ၏။ သို့သော် သူက ‘ငါသည် ဘုရားသခင်ကို မကြောက်၊ လူကို အလေးမထားသော်လည်း
ထို့ကြောင့် သူ၏ အိမ်နီးချင်းများနှင့် ယခင်က သူ့ကို မျက်မမြင်သူတောင်းစားအဖြစ် သိကြသောသူများက “ဤသူသည် ထိုင်လျက် တောင်းစားနေခဲ့သူ မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုအခါ လူတို့သည် မွေးရာပါ ခြေမသန်သူတစ်ဦးကို သယ်ဆောင်လာကြ၏။ သူတို့သည် “လှပသောတံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်၏တံခါးအနီး၌ ထိုသူကို နေ့စဉ်ထားလေ့ရှိ၏။ ဤသည်မှာ ထိုသူသည် ဗိမာန်တော်သို့ ဝင်သောသူတို့ထံမှ ငွေကြေးတောင်းရမ်းနိုင်ရန်ဖြစ်၏။
သို့သော်လည်း ထ၍ မြို့ထဲသို့ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို ပြောပြလိမ့်မည်” ဟု တုံ့ပြန်တော်မူ၏။
သို့သော်လည်း သင်တို့ထဲတွင် တချို့သည် ပျင်းရိလေလွင့်နေ၍ အလုပ်မလုပ်ဘဲ သူတစ်ပါး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေကြောင်း ကျွန်ုပ်တို့ ကြားရ၏။