Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 16:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထိုအခါ ဘဏ္ဍာစိုး​က ‘ငါ​မည်သို့​ပြု​ရ​မည်နည်း။ ငါ့​သခင်​သည် ငါ့​ကို​ဘဏ္ဍာစိုး​အရာ​မှ​ဖယ်ရှား​လေ​ပြီ။ ငါ​သည် မြေ​တူး​ရန်​အား​မ​ရှိ။ တောင်းစား​ရန်​လည်း​ရှက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 မန်​နေ​ဂျာ​သည်`ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သူ​ဌေး​သည်​မန်​နေ​ဂျာ​ရာ​ထူး​ကို​ရုပ်​သိမ်း လေ​ပြီ။ ငါ့​မှာ​မြေ​တူး​ဆွ​နိုင်​သော​ခွန်​အား မ​ရှိ။ တောင်း​ရမ်း​စား​ရန်​လည်း​ငါ​ရှက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို အ ခါ ဘ ဏ္ဍာ စိုး သည် ရာ ထူး ကို ငါ့ အ ရှင် ချ မည် ဖြစ်၍ မည် သို့ ငါ ပြု ရ အံ့ နည်း။ တူး ဆွ ရန် မ စွမ်း၊ တောင်း စား ရန် လည်း ရှက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို​စီမံခန့်ခွဲသူ​က ‘ငါ​သည် မည်သို့​ပြုရမည်နည်း။ သူဌေး​သည် ငါ့​အား စီမံခန့်ခွဲသည့်​အလုပ်​မှ ထုတ်လေပြီ။ ငါ​သည် အလုပ်ကြမ်း​လုပ်​ရန် ခွန်အား​မရှိ။ တောင်းစား​ရန်​လည်း ရှက်ရွံ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:3
26 ပူးပေါင်းရင်းမြစ်များ  

ဟာမန်​ဝင်လာ​လျှင် ရှင်ဘုရင်​က “​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို မည်သို့​ဂုဏ်ပြု​သင့်​သနည်း​”​ဟု မေး​၏​။ ဟာမန်​က​လည်း “​ငါ​မှတစ်ပါး ရှင်ဘုရင်​ဂုဏ်​ပြု​လို​သော​သူ​ရှိ​မည်​မ​ဟုတ်​”​ဟု အတွေး​ဝင်​၍


ပျင်းရိ​သော​သူ​၏​စိတ်ဝိညာဉ်​သည် တောင့်တ​သော်လည်း မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်​။ ဝီရိယ​ရှိ​သော​သူ​တို့​၏​စိတ်ဝိညာဉ်​မူကား ကြွယ်ဝ​လိမ့်မည်​။


ပျင်းရိ​သော​သူ​၏​လမ်း​သည် ဆူး​စည်းရိုး​သဖွယ်​ဖြစ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​လမ်းခရီး​မူကား ပြန့်ပြူး​၏​။


မိမိ​၏​အလုပ်​၌​ပျင်းရိ​သော​သူ​သည် အဖျက်သမား​နှင့်​ညီအစ်ကို​တော်​၏​။


ပျင်းရိ​ခြင်း​သည် အအိပ်ကြီး​စေ​တတ်​၏​။ လုံ့လနည်း​သော​သူ​သည်​လည်း ငတ်မွတ်​ရ​လိမ့်မည်​။


ပျင်းရိ​သော​သူ​သည် စိုက်ပျိုး​ရာသီ​၌ ထွန်ယက်​စိုက်ပျိုး​ခြင်း​မ​ပြု​သောကြောင့် ရိတ်သိမ်း​ချိန်​၌ တောင်းရမ်း​သော်လည်း ဘာမျှ​မ​ရ​ချေ​။


မိမိ​၏​အစေအပါး​ကို ငယ်ရွယ်​စဉ်​မှစ၍ အလိုလိုက်​လျှင် နောက်ဆုံး​တွင် သူ​သည် မိုက်ရိုင်း​စော်ကား​တတ်​သူ​ဖြစ်​သွား​လိမ့်မည်​။


စစ်ကြောစီရင်​ရာ​နေ့​၊ ဝေး​သော​အရပ်​မှ​ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​သော​နေ့​၌ သင်​တို့​မည်သို့​ပြု​ကြ​မည်နည်း​။ မည်သူ့​ထံ​ပြေး​၍ အကူအညီ​တောင်း​ကြ​မည်နည်း​။ သင်​တို့​၏​စည်းစိမ်ဥစ္စာ​များ​ကို မည်သည့်​နေရာ​၌​ထားခဲ့​ကြ​မည်နည်း​။


ပရောဖက်​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိ​တို့​သဘော​အတိုင်း အုပ်ချုပ်​ကြ​၏​။ ထိုသို့သော​အမှုအရာ​တို့​ကို ငါ့​လူမျိုး​တော်​သည် နှစ်သက်​ကြ​၏​။ အဆုံး​၌ သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


သတ်မှတ်​ထား​သော​ပွဲတော်​နေ့​၊ ထာဝရဘုရား​အဖို့​ပွဲတော်​နေ့​တွင် သင်​တို့ မည်သို့​ပြု​ကြ​မည်နည်း​။


ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။


ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့​ရောက်လာ​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ များစွာ​သော​လူထု​ပရိသတ်​ပါ​လျက် ဂျေရိခေါ​မြို့​မှ​ထွက်ခွာ​တော်မူ​စဉ် တိမဲ​၏​သား ဗာတိမဲ​အမည်ရှိ​သော မျက်မမြင် သူတောင်းစား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။


‘ငါ​၏​အသီးအနှံ​များ​ကို​သို​ထား​ရန် နေရာ​မ​ရှိ။ ငါ​သည် မည်သို့​ပြု​ရ​မည်နည်း’​ဟု မိမိ​စိတ်​ထဲ၌​တွေးတော​ဆင်ခြင်​လေ​၏။


သူဌေး​သည် ဘဏ္ဍာစိုး​ကို​ခေါ်​၍ ‘သင့်​အကြောင်း ငါ​ကြား​ရ​သည့်​အရာ​မှာ မည်သို့​နည်း။ သင့်​ကို ဘဏ္ဍာစိုး​အရာ​၌ ဆက်​၍​မ​ထား​နိုင်​သောကြောင့် သင်​၏​စီမံ​ခန့်ခွဲ​မှု​စာရင်း​ကို တင်ပြ​လော့’​ဟု ဆို​၏။


သူ​၏​အိမ်​တံခါးဝ​၌​ကား တစ်ကိုယ်လုံး​အနာစိမ်း​ပေါက်​နေ​သော လာဇရု​အမည်​ရှိ​ဆင်းရဲသား​တစ်​ယောက် လဲလျောင်း​နေ​၏။


ထို့နောက် ထို​ဆင်းရဲသား​သည် သေလွန်​သွား​ရာ ကောင်းကင်တမန်​တို့​သည် သူ့​ကို အာဗြဟံ​၏​ရင်ခွင်​ထဲသို့ ခေါ်ဆောင်​သွား​ကြ​၏။ သူဌေး​သည်​လည်း သေလွန်​သဖြင့် သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​၏။


ဘဏ္ဍာစိုး​အရာ​မှ ငါ့​ကို​ဖယ်ရှား​သောအခါ လူ​တို့​သည် သူ​တို့​၏​အိမ်​၌ ငါ့​ကို​လက်ခံ​ကြ​စေရန် မည်သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ’​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏။


သူ​သည် အတန်​ကြာ​မျှ စီရင်​ပေး​လို​စိတ်​မ​ရှိ​ခဲ့​သော်လည်း နောက်ဆုံး​တွင် မိမိ​စိတ်​ထဲ၌ ‘ငါ​သည် ဘုရားသခင်​ကို​မ​ကြောက်၊ လူ​ကို​လည်း​မ​လေးစား​တတ်။


ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။


သင်​သည် ထ​၍ မြို့​ထဲသို့​ဝင်​သွား​လော့။ ထိုအခါ သင်​ပြု​ရ​မည့်​အမှု​ကို သင့်​အား ပြောကြား​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် သင်​တို့​ထဲတွင် အချို့​တို့​သည် စည်းမဲ့ကမ်းမဲ့​အသက်ရှင်​လျှောက်လှမ်း​၍ အလုပ်​မ​လုပ်​ဘဲ သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ