သူတို့ထံသို့ သွား၍ ‘ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီ’ ဟု ဟောပြောကြလော့။
လုကာ 16:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။ Common Language Bible ``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။- Garrad Bible ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သည် ယော ဟန့် လက် ထက် တိုင် ရှိ လျက် ထို ကာ လ က စ၍ ဘု ရား သ ခင့် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော သော် လူ တိုင်း ပင် အ နိုင့် အ ထက် ဝင် သည် တ ကား။ Judson Bible ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန်လက်ထက်တိုင်အောင်ဖြစ်၏။ ထိုအချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ လူအပေါင်းတို့သည်လည်း ထိုနိုင်ငံတော်ထဲသို့ အတင်းတိုးဝင်ကြ၏။ မြန်မာ ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။- |
သူတို့ထံသို့ သွား၍ ‘ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီ’ ဟု ဟောပြောကြလော့။
ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
‘ငါတို့၏ခြေ၌ ကပ်လျက်ရှိသော သင်တို့မြို့၏ဖုန်မှုန့်ကိုပင် ငါတို့ခါချပြီ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဟု သိမှတ်ကြလော့’ ဟု ဟောပြောကြလော့။
ဖျားနာသောသူများအား ကုသပေး၍ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လာချိန်နီးပြီ’ ဟု ဟောပြောကြလော့။
သို့သော် အာဗြဟံက ‘သူတို့အားသတိပေးရန် မောရှေနှင့် ပရောဖက်တို့၏ကျမ်းများရှိ၏။ ထိုကျမ်းများ၏သွန်သင်ချက်တို့ကို နာယူကြပါစေ’ ဟု ပြောလေ၏။
ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။
ထိုအခါ ဖာရိရှဲတို့က “ငါတို့ မည်သို့မျှမတတ်နိုင်တော့ပါ။ တစ်လောကလုံးသည် သူ့နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုသို့ စောင့်နေရခြင်းမှာ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် အချိန်တန်လျှင် ရေကန်သို့ဆင်း၍ ရေကို လှုပ်ရှားစေတတ်သောကြောင့်ဖြစ်၏။ ရေလှုပ်ရှားပြီးနောက် ရေထဲသို့ အဦးဆုံးဆင်းနိုင်သူသည် မိမိခံစားရသမျှသော ရောဂါများမှ ကင်းလွတ်တတ်၏။)
သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။