သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
လုကာ 16:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေးငယ်သောအမှုကိစ္စများ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စများ၌ သစ္စာရှိလိမ့်မည်။ သို့သော် သေးငယ်သောအမှုကိစ္စများ၌ မရိုးသားသောသူသည် ကြီးမားသောအမှုများ၌လည်း ရိုးသားလိမ့်မည်မဟုတ်ပေ။ Common Language Bible အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။- Garrad Bible နည်း ပါး ရာ၌ သ စ္စာ ရှိ သူ သည် များ ပြား ရာ၌ သ စ္စာ ရှိ တတ်၏။ နည်း ပါး ရာ၌ မ ဖြောင့် မတ် သူ သည် များ ပြား ရာ၌ မ ဖြောင့် မတ် တတ်။ Judson Bible အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- မြန်မာ့စံမီသမ္မာကျမ်း သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။ မြန်မာ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- |
သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောအစေခံသည် မည်သူနည်း။ ထိုသူမှာ အိမ်သူအိမ်သားများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူ ဖြစ်၏။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသောတာဝန်များကို သင့်အား ငါ လွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သူက ‘ကောင်းပေ၏။ သင်သည်အစေခံကောင်းဖြစ်၏။ အမှုကိစ္စငယ်လေးတွင်ပင် သင်သည် သစ္စာရှိသောကြောင့် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
ယုဒသည် ထိုမုန့်ကို စားပြီးသောအခါ စာတန်သည် သူ၏စိတ်ထဲသို့ ဝင်လေ၏။ ထိုအခါ ယေရှုက “သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့” ဟု သူ့ကို မိန့်တော်မူ၏။
မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိအား ခန့်ထားတော်မူသော ဘုရားသခင်အပေါ် သစ္စာရှိတော်မူ၏။