နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။
လုကာ 13:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။- Garrad Bible ကိုယ် တော် မိန့် တော် မူ သည် မှာ ကျဉ်း မြောင်း သော တံ ခါး ဖြင့် ဝင် သွား ရန် အား ထုတ် ကြ လော့။ အ များ တို့ သည် ဝင် ရန် ရှာ ကြံ သော် လည်း မ ဝင် နိုင် ဘဲ ရှိ နေ ကြ မည် ငါ ဆို၏။ Judson Bible ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း “ကျဉ်းသောတံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား လူများစွာတို့သည် ဝင်ရန်ရှာကြံကြသော်လည်း မဝင်နိုင်ကြဟု သင်တို့အား ငါဆို၏။ မြန်မာ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။- |
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ချစ်သားတို့… ငါသည် သင်တို့နှင့်အတူ ခဏမျှသာနေရတော့မည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားမည့်အရပ်သို့ သင်တို့လိုက်နိုင်ကြမည်မဟုတ်’ ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့အား ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း သင်တို့အား ယခုငါပြော၏။
ထိုသို့ စောင့်နေရခြင်းမှာ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် အချိန်တန်လျှင် ရေကန်သို့ဆင်း၍ ရေကို လှုပ်ရှားစေတတ်သောကြောင့်ဖြစ်၏။ ရေလှုပ်ရှားပြီးနောက် ရေထဲသို့ အဦးဆုံးဆင်းနိုင်သူသည် မိမိခံစားရသမျှသော ရောဂါများမှ ကင်းလွတ်တတ်၏။)
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ကို ရှာသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။ ငါသွားမည့် အရပ်သို့လည်း လိုက်နိုင်ကြမည်မဟုတ်” ဟု မိန့်တော်မူ၏။
တစ်ဖန် ယေရှုက “ငါသွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့သော်လည်း သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်။ ငါသွားမည့် အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။