သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 13:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သခင်ဘုရားက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့ရှိသမျှသည် ဥပုသ်နေ့တွင် သင်၏နွား၊ မြည်းများကို တင်းကုပ်ထဲမှ ကြိုးဖြေ၍ ရေတိုက်ရန် ခေါ်ဆောင်ကြသည်မဟုတ်ပါလော။ Common Language Bible သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။- Garrad Bible အ ရှင် ဘု ရား က အ ချင်း သီ လ ကြောင် တို့၊ ဥ ပုသ် နေ့ တွင် သင် တို့ အ သီး သီး သည် ကိုယ် နွား မြည်း ကို တင်း ကုပ် မှ ဖြည်၍ ရေ တိုက် ရန် ငင် သွား တတ် ကြ သည် မ ဟုတ် လော။ Judson Bible သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကလည်း“သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိတို့နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ဆောင်သွားကြသည်မဟုတ်လော။ မြန်မာ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည် မဟုတ်လော။- |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှ ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသည့်သူများကိုလည်း ဝင်ခွင့်မပေးဘဲ နေကြသောကြောင့်ဖြစ်၏။
သင်တို့သည်လည်း အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိ၏။ သို့သော်လည်း အတွင်းတွင် သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်လျက်ရှိ၏။
သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
ထို့နောက် ယေရှုက သူတို့အား “သင်တို့၏သားဖြစ်စေ၊ နွားပင်ဖြစ်စေ ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းဆယ်ယူကြသည်မဟုတ်လော” ဟု မေးတော်မူ၏။
သင်၏မျက်စိထဲက သစ်တုံးကို မမြင်နိုင်ဘဲ ‘မိတ်ဆွေ… သင့်မျက်စိထဲက သစ်မှုန်စကို ထုတ်ပေးပါရစေ’ ဟူ၍ သင့်မိတ်ဆွေအား အဘယ်ကြောင့်ပြောရသနည်း။ သူတော်ကောင်းယောင်ဆောင်သူ… သင်၏မျက်စိထဲက သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင့်မိတ်ဆွေ၏မျက်စိထဲက သစ်မှုန်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။