လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
လုကာ 12:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမျှမက သင်တို့၏ဦးခေါင်းမှ ဆံပင်ရှိသမျှကိုလည်း ရေတွက်ထားတော်မူ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာထက် ပို၍အဖိုးတန်၏။ Common Language Bible သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။ Garrad Bible သင် တို့၏ ဦး ဆံ ရှိ သ မျှ ကို ပင် ရေ တွက် လျက် ထား တော် မူ၏။ မ ကြောက် ကြ နှင့်။ စာ က လေး အ များ ထက် သင် တို့ သည် မြတ်၏။ Judson Bible သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့ဦးခေါင်းမှဆံပင်ရှိသမျှကိုပင် ရေတွက်ထားတော်မူ၏။ မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာတို့ထက်အဖိုးထိုက်ကြ၏။ မြန်မာ သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။ |
လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
မိုးကောင်းကင်တွင် ပျံသန်းသောငှက်များကို ကြည့်လော့။ ထိုငှက်တို့သည် မျိုးမကြဲ။ အစာကိုကျီ၌ မသိုလှောင်။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် ပို၍ အဖိုးထိုက်တန်ကြသည် မဟုတ်လော။
ထို့ကြောင့် အစာစားရန် သင်တို့အား ကျွန်ုပ်တိုက်တွန်းပါ၏။ စားလျှင် ခွန်အားပြည့်၍ သင်တို့အသက်ရှင်နိုင်မည်။ သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်မျှင်မျှ ဆုံးရှုံးရမည်မဟုတ်ပါ” ဟု ဆိုလေ၏။