ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
လုကာ 12:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။ Common Language Bible အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။- Garrad Bible စောင့် လျက် နေ သည် ကို အ ရှင် လာ ရောက် တွေ့ မြင် သော် ထို ကျွန် တို့၌ မင်္ဂ လာ ရှိ၏။ ငါ အ မှန် ဆို သည် ကား၊ ထို ကျွန် များ ကို စား ပွဲ ထိုင် စေ ပြီး လျှင် အ ရှင် သည် ခါး စည်း၍ ချဉ်း ကပ် လုပ် ကျွေး လိမ့် မည်။ Judson Bible အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။ မြန်မာ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။- |
ထို့ကြောင့် သင်တို့သည်လည်း သင်တို့၏ သခင်ဘုရားသည် မည်သည့်နေ့၌ ကြွလာမည်ကို မသိကြသောကြောင့် သတိနှင့် စောင့်နေကြလော့။
မိမိသခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးခေါက်လျှင် ချက်ချင်းဖွင့်ပေးနိုင်ရန် အသင့်စောင့်နေသော အစေခံကဲ့သို့ ဖြစ်ကြလော့။
သခင်သည် ပြန်လာသောအခါ ထိုသို့ အလုပ်လုပ်နေသော အစေခံကို တွေ့မြင်လျှင် ထိုအစေခံသည် မင်္ဂလာရှိ၏
ထိုသို့မဟုတ်ဘဲ ‘ငါ့အတွက် အစားအစာများကို ပြင်ဆင်လော့။ သင်၏ခါးစည်းဝတ်ကိုစည်း၍ ငါစားသောက်နေစဉ်အတွင်း ငါ့အားအစေခံလော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ ဟူ၍ ပြောလိမ့်မည်မဟုတ်လော။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
စားပွဲတွင်ထိုင်နေသောသူနှင့် အစေခံနေသောသူတွင် မည်သူသည် ပို၍ မြင့်မြတ်သနည်း။ စားပွဲတွင်ထိုင်နေသောသူသည် မြင့်မြတ်သည်မဟုတ်လော။ သို့သော် ငါသည် သင်တို့အထဲတွင် အစေခံသောသူကဲ့သို့ဖြစ်၏။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
ကျွန်ုပ်အတွက်ဆိုရလျှင် အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်ဖြစ်၏။ သေခြင်းဖြစ်လျှင် ပို၍ အကျိုးရှိ၏။
ကျွန်ုပ်သည် ဤအရာနှစ်ခုကြားတွင် အခက်တွေ့နေ၏။ ဤဘဝကို စွန့်ခွာပြီး ခရစ်တော်နှင့် အတူရှိနေရန် ကျွန်ုပ်တောင့်တ၏။ ထိုအရာသည် ကျွန်ုပ်အတွက် ပို၍ကောင်း၏။
ထို့နောက် ဘုရားသခင်သည် သင်တို့အား ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ကို အပြည့်အဝပေးသနားတော်မူလိမ့်မည်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။
ထို့နောက် “ဤအရာကို ရေးမှတ်ထားလော့။ ယခုမှစ၍ သခင်ဘုရားကို သစ္စာရှိစွာ ယုံကြည်လျက် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကောင်းကင်ဘုံမှ ပြောဆိုသံကို ကျွန်ုပ်ကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့ပြုခဲ့သောအမှုများအတွက် ဆုပေးခံကြရသဖြင့် သူတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့် ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။
အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။