ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
လုကာ 11:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတွင် မည်သည့်အစိတ်အပိုင်းမျှ မှောင်ရိပ်မရှိဘဲ တောက်ပနေလျှင် မီးအိမ်၏အလင်းရောင်သည် သင်တို့အပေါ်၌ ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ်ခန္ဓာသည်လည်း ထွန်းလင်းလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သင့် ကိုယ် ခ န္ဓာ သည် တစ် ပိုင်း မျှ မ မှောင် ဘဲ လုံး လုံး အ လင်း နှင့် ပြည့် လျှင် မီး ရှူး တောက် ပ၍ လင်း စေ သည့် နည်း တူ တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ |
ထိုအခါ ယေရှုက “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသော ကျမ်းတတ်ဆရာသည် မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာသစ်နှင့် ဥစ္စာဟောင်းတို့ကို ထုတ်ယူလာသော အိမ်ရှင်နှင့်တူ၏” ဟု မိန့်တော်မူ၏။
မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ တောင်းအောက်၌ ထားလေ့မရှိ။ အိမ်သူအိမ်သားတို့ အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိကြ၏။
ထိုသို့ဟောပြောတော်မူစဉ် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား ညစာသုံးဆောင်ရန် ဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူ၍ ညစာစားပွဲ၌ ထိုင်တော်မူ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
မာသောအစားအစာမှာ အရွယ်ရောက်သောသူများအတွက်ဖြစ်ပြီး ထိုသူတို့သည် အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန် လေ့ကျင့်ထားသည့်သူများဖြစ်၏။
သို့သော် လွတ်လပ်ခြင်းသို့ ရောက်စေသည့် ပြီးပြည့်စုံသော တရားတော်ကို ဆက်လက်၍ ဂရုတစိုက် ကြည့်ရှုသူသည် ကြားနာရသည်ကို မမေ့လျော့ဘဲ လိုက်နာကျင့်သုံးသောသူဖြစ်လျှင် ထိုသို့ပြုသောကြောင့် ဘုရားသခင်သည် ထိုသူကို ကောင်းချီးပေးတော်မူလိမ့်မည်။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။