သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
လုကာ 11:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “သင်တို့ဆုတောင်းသောအခါ ‘အို အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ Common Language Bible ကိုယ်တော်က ``သင်တို့ဆုတောင်းပတ္ထနာပြုသော အခါ၊ `အို အဖ၊ကိုယ်တော်ရှင်၏နာမတော်ကို ရိုသေလေးမြတ်ကြပါစေသော။ ကိုယ်တော်ရှင်၏အုပ်စိုးတော်မူခြင်းရှိပါ စေသော။ Garrad Bible ကိုယ် တော် က ပ ဌ နာ ပြု၍ ဆု တောင်း ရ မည် မှာ အ ဘ၊ နာ မ တော် ကို ရို သေ ကြ ပါ စေ သော။ နိုင် ငံ တော် တည် ထောင် ပါ စေ သော။ Judson Bible ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့ဆုတောင်းကြသောအခါ ‘အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။ နိုင်ငံတော်ပေါ်ထွန်းပါစေသော။ မြန်မာ ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။- |
သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
တစ်ခါက ယေရှုသည် တစ်နေရာတွင် ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းတော်မူပြီးနောက် တပည့်တော်များထဲမှ တစ်ဦးက “သခင်… ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်သော ကောလောသဲမြို့သား ယုံကြည်သူများထံသို့ ပို့လိုက်သောစာ ဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်တို့ကို ချစ်၍ ကျေးဇူးတော်ဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ခိုင်မြဲသောမျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်ကိုယ်တိုင်သည်
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။
ထို့နောက် လူအုပ်ကြီး၏အသံကဲ့သို့လည်းကောင်း၊ ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သောမိုးခြိမ်းသံကဲ့သို့လည်းကောင်း ထွက်ပေါ်လာသောအသံကို ကျွန်ုပ်ကြားခဲ့ရ၏။ ထိုအသံမှာ “ဟာလေလုယာ။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အုပ်စိုးတော်မူ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့ပေါ်တွင် ထိုင်နေသောသူတို့ကို ကျွန်ုပ်မြင်ရ၏။ ထိုသူတို့သည် တရားစီရင်ရန် အခွင့်အာဏာအပ်နှင်းခံကြရ၏။ သခင်ယေရှုအကြောင်းကို သက်သေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသောကြောင့် ခေါင်းဖြတ်ခံရသောသူတို့၏ ဝိညာဉ်များကိုလည်း ကျွန်ုပ်မြင်ရ၏။ သူတို့သည် သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို မကိုးကွယ်ကြ။ သူတို့၏နဖူးနှင့် လက်များတွင် သားရဲ၏အမှတ်တံဆိပ်ကို မခံယူကြ။ သူတို့သည် အသက်ပြန်ရှင်၍ ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် အုပ်စိုးကြရ၏။