ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
လုကာ 1:76 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အို သူငယ်… သင်သည် အမြင့်မြတ်ဆုံးသောဘုရားသခင်၏ပရောဖက်ဟု အခေါ်ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ခရစ်တော်ကြွလာရာလမ်းကို ပြင်ဆင်ပေးရမည့်သူဖြစ်၏။ Common Language Bible အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊ Garrad Bible အို သူ ငယ် သင် သည် မြင့် မြတ် သော အ ရှင်၏ ပ ရော ဖက် ဘွဲ့ ကို ခံ၍ မှောင် ကျ ရာ သေ မင်း အ ရိပ် တွင် ထိုင် နေ သူ တို့ အ ပေါ် သို့ အ ရောင် တက် ခြင်း ငြိမ် သက် ရာ လမ်း ထဲ သို့ ငါ တို့ ခြေ လှမ်း လှည့် ခြင်း ပြု ရန် ဘ ဝဂ် မှ နေ အ ရုဏ် သက် ရောက် စေ တော် မူ မည့် ငါ တို့ ဘု ရား သ ခင် အ သည်း စွဲ က ရု ဏာ ကြောင့် အ ပြစ် ဖြေ လွှတ်၍ ကယ် တင် ခြင်း ကျေး ဇူး ကို လူ မျိုး တော် သိ ကျွမ်း ခွင့် ရ စေ အံ့ သော ငှါ လမ်း တော် များ ကို ပြု ပြင် မည့် ထာ ဝ ရ ဘု ရား ရှေ့ တော် ပြေး ဖြစ် လ တ္တံ့ ဟူ၍ တည်း။ Judson Bible အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ထာဝရဘုရား၏လမ်းတော်ကိုပြင်ဆင်ရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအားဖြင့်သက်ရောက်သော ကယ်တင်ခြင်းနှင့်ဆိုင်သည့်အသိပညာကိုပေးရန်လည်းကောင်း၊ ကိုယ်တော်၏ရှေ့တော်၌ သွားလိမ့်မည်။ မြန်မာ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။- |
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။
ထိုသားသည် အလွန်ကြီးမြတ်သူ ဖြစ်လာ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် ထိုသားတော်အား သူ၏ဖခင်ကြီးဖြစ်သော ဒါဝိဒ်မင်း၏ရာဇပလ္လင်ကို ပေးအပ်တော်မူလိမ့်မည်။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
ယောဟန်က “ငါသည် ပရောဖက်ဟေရှာယ ဟောသည့်အတိုင်း ‘ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်ဖြူးအောင် ပြုပြင်ကြလော့’ ဟူ၍ တောကန္တာရတွင် ကြွေးကြော်သောသူ၏အသံ ဖြစ်၏” ဟု ဆိုလေ၏။
ထိုအရှင်သည် ငါ့နောက်တွင် ကြွလာမည့်အရှင်ဖြစ်သော်လည်း ထိုအရှင်၏ ဖိနပ်ကြိုးကို ဖြေရန်ပင် ငါသည် မထိုက်တန်ပါ” ဟု ဆို၏။
‘ငါသည် ခရစ်တော်မဟုတ်။ ခရစ်တော်၏ ရှေ့တော်ပြေးသာ ဖြစ်သည်’ ဟု ရှင်းလင်းစွာ ငါပြောသည်ကို သင်တို့သိကြ၏။
သူသည် ပေါလုနှင့် ကျွန်ုပ်တို့နောက်သို့ လိုက်၍ “ဤသူတို့သည် အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကို ဟောပြောရန် ရောက်ရှိလာကြပြီ” ဟု အော်ဟစ်ပြောဆိုလေ၏။