Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 11:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 သို့သော်လည်း ငါတို့​က ‘လူ့​ထံမှ​လာသည်’ ဟု ဖြေ​လျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့​သည် လူထုပရိသတ်​ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့​က ယောဟန်​သည် ပရောဖက်​တစ်ပါး​ဖြစ်ကြောင်း ယုံကြည်ထားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု​ငါ တို့​ဆို​မည်​လော'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။ (သူ​တို့​သည်​လူ​ပ​ရိ​သတ်​ကို​ကြောက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ကို​ပ​ရော​ဖက်​ဟု​ယုံ​ကြည်​ကြ​သော ကြောင့်​တည်း။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 လူ တို့ မှ ဖြစ် လာ ကြောင်း ဖြေ ကြ ကုန် အံ့ ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ သော် လည်း ယော ဟန် သည် ပ ရော ဖက် မှန် ကြောင်း ရှိ သ မျှ တို့ မှတ် ယူ ကြ သည် နှင့် ပြည် သူ ပြည် သား တို့ ကို ကြောက် ရွံ့ သော ကြောင့် ငါ တို့ မ သိ ဟု ယေ ရှု အား ဖြေ ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ‘လူ​တို့​ထံမှ​ဖြစ်​သည်’​ဟု ငါ​တို့​ပြော​လျှင်​လည်း​မ​ဖြစ်”​ဟု ဆို​ကြ​၏။ လူ​အပေါင်း​တို့​သည် ယောဟန်​ကို ပရောဖက်​ဖြစ်​သည်​ဟု အမှန်ပင် မှတ်ယူ​ကြ​သောကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ကြောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 လူ​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ လူ​များ​ကို​ကြောက်​ရ၏။ ယော​ဟန်​သည် ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​သည် အ​ယူ​ရှိ​ကြ၏​ဟု အ​ချင်း​ချင်း​ဆင်​ခြင်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 11:32
15 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်လျှင် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ ပရောဖက်​တစ်ပါး​ကို​လော။ မှန်ပါ၏။ ထို​သူ​သည် ပရောဖက်​ထက် ပို၍​ကြီးမြတ်သော​သူ​ဖြစ်သည်​ဟု ငါ​ဆို၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို သတ်​လို​သော်လည်း ဆူပူအုံကြွမည်​ကို ကြောက်ရွံ့​သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယောဟန်​အား ပရောဖက်​တစ်ပါး​အဖြစ် သတ်မှတ်ထား​သောကြောင့် ဖြစ်၏။


ထို့ကြောင့် သူတို့​သည် ယေရှု​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထု​သည် ယေရှု​ကို ပရောဖက်​တစ်ပါး​ကဲ့သို့ မှတ်ယူကြ​သောကြောင့်​ဖြစ်၏။


ထိုအခါ သူတို့​က “ငါတို့​သည် ‘ကောင်းကင်ဘုံ​မှ လာသည်’ ဟု ဖြေ​လျှင် သူ​က ‘ထိုသို့​ဆို​လျှင် သင်တို့​သည် အဘယ်ကြောင့် ယောဟန်​ကို မယုံကြသနည်း’ ဟု မေး​လိမ့်မည်။


ထို့ကြောင့် သူတို့​က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု​ကို ဖြေဆိုကြ၏။ ထိုအခါ ယေရှု​က “ငါ​သည်လည်း ဤ​အခြင်းအရာများ​ကို မည်သည့်​အခွင့်အာဏာ​ဖြင့် လုပ်ဆောင်နေကြောင်း​ကို သင်တို့​အား​ပြောမည်​မဟုတ်” ဟု ထို​သူတို့​ကို မိန့်တော်မူ၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​က ယေရှု​သည် မိမိတို့​ကို ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့​သောကြောင့် ကိုယ်တော်​ထံမှ ထွက်သွားကြ၏။


ဟေရုဒ်မင်း​သည် ယောဟန်​ကို ဖြောင့်မတ်သူ​နှင့် သန့်ရှင်းသူ​တစ်ဦး ဖြစ်ကြောင်း သိမြင်​၍ ရိုသေလေးစား​သောကြောင့် အကာအကွယ်​ပေး၏။ ယောဟန်​၏ စကား​ကို ကြား​သောအခါ စိတ်အနှောင့်အယှက်​ဖြစ်ရ​သော်လည်း လိုလား​စွာ​ပင် နားထောင်လေ့​ရှိ၏။


ကျမ်းတတ်ဆရာများ​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယေရှု​သည် မိမိတို့​အား ရည်ညွှန်း​၍ ဤ​ပုံဥပမာ​ကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့​သည် ကိုယ်တော်​ကို ချက်ချင်း​ဖမ်းဆီး​လိုကြ၏။ သို့သော်လည်း လူတို့​ကို ကြောက်ရွံ့ကြ၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​သည် ယေရှု​ကို သတ်​ရန် လျှို့ဝှက်​စွာ ရှာကြံ​လျက်​ရှိ၏။ သို့သော်လည်း သူတို့​သည် လူများ​ကို ကြောက်ရွံ့ကြ၏။


လူများစွာတို့​သည် ယေရှု​ထံတော်သို့ ရောက်လာကြ၏။ သူတို့​က “ယောဟန်​သည် နိမိတ်​လက္ခဏာများ​ကို မပြုခဲ့ပါ။ သို့သော်လည်း ဤ​သူ​နှင့်​ပတ်သက်၍ ယောဟန်​ပြောခဲ့သမျှ​သည် မှန်ကန်၏” ဟု ပြောဆိုကြ၏။


ထို့နောက် ဗိမာန်တော်​တပ်မှူး​သည်​အစောင့်တပ်သားများ​နှင့်အတူ သွားကြပြီး​လျှင် တမန်တော်တို့​ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့​သည် မိမိတို့​အား ကျောက်ခဲ​နှင့် ပေါက်သတ်မည်​ကို​ကြောက်​သောကြောင့် တမန်တော်တို့​ကို အကြမ်းမဖက်ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ