သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
လုကာ 1:66 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြားရသောသူအားလုံးသည် ထိုအကြောင်းအရာတို့ကို စဉ်းစားဆင်ခြင်၍ “ဤသူငယ်သည် မည်သို့သောသူ ဖြစ်လာလိမ့်မည်နည်း” ဟု ဆိုကြ၏။ ထာဝရဘုရား၏တန်ခိုးတော်သည် သူငယ်နှင့်အတူ ရှိတော်မူ၏။ Common Language Bible ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။ Garrad Bible ကြား သော သူ တိုင်း နှ လုံး သွင်း၍ ထာ ဝ ရ ဘု ရား၏ လက် တော် သူ နှင့် အ တူ ရှိ သည် ကို မှတ် ယူ သ ဖြင့် ဤ သူ ကား မည် သို့ သော သူ ဖြစ် မည် နည်း ဟု ဆွေး နွေး ကြ၏။ Judson Bible ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူ ဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြားရသောသူအပေါင်းတို့သည်လည်း ထိုအကြောင်းအရာတို့ကို နှလုံးသွင်း၍ “ဤသူငယ်သည် မည်သို့သောသူဖြစ်လိမ့်မည်နည်း”ဟု ဆိုကြ၏။ အကြောင်းမူကား ထာဝရဘုရား၏လက်တော်သည် သူငယ်နှင့်အတူရှိတော်မူ၏။ မြန်မာ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ၌မှတ်သား၍၊ ဤသူငယ်သည် အဘယ်သို့သောသူ ဖြစ်လိမ့်မည်နည်းဟု ဆိုကြ၏။ ထာဝရဘုရား၏ လက်တော်သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။ |
သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
သို့သော်လည်း မာရိသည် ဤဖြစ်ပျက်သမျှအကြောင်းအရာအားလုံးကို မိမိစိတ်နှလုံးထဲတွင် မှတ်သား၍ စဉ်းစားဆင်ခြင်လျက်နေ၏။
သူငယ်သည်လည်း ကြီးပြင်း၍ ကြံ့ခိုင်သန်စွမ်းလျက် ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏မျက်နှာသာပေးခြင်းကိုလည်း ခံရလေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သခင်ဘုရား၏တန်ခိုးတော်သည် ထိုသူတို့နှင့်အတူ ရှိသဖြင့် မြောက်မြားစွာသောလူတို့သည် ယုံကြည်လာကြပြီး သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။