ထိုသားသည် သင့်အား ဝမ်းမြောက်ရွှင်လန်းစေလိမ့်မည်။ လူများစွာတို့သည် ထိုသား မွေးဖွားလာသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
လုကာ 1:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။ Common Language Bible သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။- Garrad Bible သူ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကြီး မြတ်၍ စ ပျစ် ရည် နှင့် သေ ရည် သေ ရက် ကို မ သောက် ရ ဘဲ အ မိ ဝမ်း တွင်း က ပင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လာမည်။ စပျစ်ဝိုင်နှင့်သေရည်သေရက်တို့ကိုလည်းမသောက်၊ အမိဝမ်းတွင်း၌ရှိစဉ်ကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။ မြန်မာ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။- |
ထိုသားသည် သင့်အား ဝမ်းမြောက်ရွှင်လန်းစေလိမ့်မည်။ လူများစွာတို့သည် ထိုသား မွေးဖွားလာသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းဆရာယောဟန်သည် အစာကို မစား၊ စပျစ်ဝိုင်ကို မသောက်ဘဲနေသောအခါ သင်တို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ပြောကြသောကြောင့်ဖြစ်၏။
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
သို့သော် မိခင်ဗိုက်ထဲ၌ ရှိစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးတော်အားဖြင့် ရွေးချယ်တော်မူ၍ အစေခံရန် ခေါ်တော်မူ၏။
ဘဝပျက်စေသော သောက်စားမူးယစ်ခြင်းကို ရှောင်ကြဉ်၍ သင်တို့၏ ဘဝကို ဝိညာဉ်တော်နှင့် ပြည့်ဝစေကြလော့။