ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။
လုကာ 1:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ဇာခရိ ရှေ့၌ ပေါ်လာ၍ အမွှေးနံ့သာပူဇော်ရာ ယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။ Common Language Bible ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။- Garrad Bible ထို အ ခါ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် ယာ ဘက် တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ရပ် တန့် ထင် ရှား သည် ကို ဇာ ခ ရိ မြင်၍၊ Judson Bible ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဇာခရိရှေ့၌ပေါ်လာ၍ နံ့သာပေါင်းမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။ မြန်မာ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- |
ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။
ဂါဗြေလသည် မာရိထံသို့ ရောက်လာ၍ “ထာဝရဘုရား၏မျက်နှာသာပေးတော်မူခြင်းခံရသောအမျိုးသမီး… သင်သည် မင်္ဂလာရှိပါစေ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်” ဟု ဆို၏။
ကောင်းကင်တမန်က “မကြောက်ကြနှင့်။ ငါသည် လူသားအားလုံးအတွက် အလွန်ဝမ်းမြောက်စရာသတင်းကောင်းကို သင်တို့ထံသို့ ယူဆောင်လာ၏။
ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းရောင်ခြည်သည် သူတို့၏ပတ်လည်တွင် ထွန်းလင်းသဖြင့် သူတို့သည် အလွန် ကြောက်ရွံ့တုန်လှုပ်ကြ၏။
သို့သော်လည်း ညအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးကို ဖွင့်၍ တမန်တော်တို့ကို ခေါ်ထုတ်သွားကာ
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ ဘုရားသခင်ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းမှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။