မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ရှင်ယောဟန် 20:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေးသနည်း။ မည်သူ့ကို ရှာသနည်း” ဟု မာရိကို မေးတော်မူ၏။ မာရိသည် ယေရှုကို ဥယျာဉ်စောင့်ဟု ထင်မှတ်၍ “အရှင်… ကိုယ်တော်သည် သူ့ကို သယ်ယူသွားခဲ့လျှင် မည်သည့်နေရာ၌ ထားသည်ကို ကျွန်မကို ပြောပါ။ ကျွန်မ သွား၍ ယူပါမည်” ဟု ဆို၏။ Common Language Bible သခင်ယေရှုက ``အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ သင်မည် သူ့ကိုရှာသနည်း'' ဟုမေးတော်မူ၏။ ထိုအခါမာရိသည်ကိုယ်တော်ကိုဥယျာဉ်စောင့် ဟုထင်မှတ်ကာ ``ဆရာ၊ ကိုယ်တော်၏အလောင်း တော်ကိုရှင်ယူဆောင်သွားခဲ့ပါလျှင်အဘယ် အရပ်တွင်ထားသည်ကိုကျွန်မအားပြောပြပါ။ ကျွန်မသွား၍ယူပါမည်'' ဟုဆို၏။ Garrad Bible ယေရှုကလည်း အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကိုရှာသနည်းဟုမေးတော်မူသည့်ကာလ ဥယျာဉ်စောင့်ထင်မှတ်၍ မာရိက အလောင်းတော်ကိုရှင်ရွှေ့လျှင် အဘယ်မှာထားသည်ကိုပြောပါ၊ ကျွန်မယူသွားပါမည်ဟုပြန်ဆိုရာ၊ Judson Bible ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။ မြန်မာ ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
ကောင်းကင်တမန်က အမျိုးသမီးတို့အား “မကြောက်နှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်ယေရှုအား ရှာနေကြသည်ကို ငါသိ၏။
သို့သော် ထိုသူက “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်နာဇရက်မြို့သားယေရှုကို ရှာနေကြသည် မဟုတ်လော။ ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤနေရာသည် အလောင်းတော်ထားသည့် နေရာဖြစ်၏။
ခရီးသွား လူစုထဲတွင် ယေရှုပါလာလိမ့်မည်ဟု ထင်မှတ်လျက် တစ်နေ့တာခရီးပြုကြ၏။ ထို့နောက် ယေရှုကို မတွေ့ရသောအခါဆွေမျိုး အသိအကျွမ်းများထဲတွင် ရှာကြ၏။
ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့၍ မိမိတို့၏မျက်နှာများကို မြေပြင်သို့ ငုံ့ထားကြ၏။ ထိုလူနှစ်ဦးက “အသက်ရှင်သောသူကို လူသေများရှိသည့်နေရာတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။
ယေရှုသည် လှည့်ကြည့်၍ ထိုသူတို့လိုက်လာကြသည်ကို မြင်တော်မူလျှင် “မည်သည့်အရာကို အလိုရှိသနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “ရဗ္ဗိ… ကိုယ်တော်သည် အဘယ်မှာ နေတော်မူပါသနည်း” ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏ အဓိပ္ပာယ်မှာ ဆရာဖြစ်၏။)
ယေရှုသည် မိမိကြုံတွေ့ရမည့် အရာအားလုံးကို သိနှင့်ပြီးဖြစ်သောကြောင့် ရှေ့သို့ကြွလာ၍ “မည်သူ့ကို ရှာကြသနည်း” ဟု ထိုသူတို့ကို မေးတော်မူ၏။
ယေရှုက “မည်သူ့ကို ရှာကြသနည်း” ဟု ထပ်မံ၍ မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကို ရှာကြသည်” ဟု ဆိုကြပြန်၏။
သူတို့က “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေးနေသနည်း” ဟု မာရိကို မေးကြ၏။ မာရိက “ကျွန်မ၏ သခင်ကို သူတို့သယ်ယူသွားကြပြီ။ မည်သည့်နေရာ၌ ထားသည်ကို ကျွန်မမသိပါ” ဟု ဖြေ၏။