Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:15 - မြန်မာ

15 ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​သ​နည်း။ သင်​မည် သူ့​ကို​ရှာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​ကိုယ်​တော်​ကို​ဥ​ယျာဉ်​စောင့် ဟု​ထင်​မှတ်​ကာ ``ဆ​ရာ၊ ကိုယ်​တော်​၏​အ​လောင်း တော်​ကို​ရှင်​ယူ​ဆောင်​သွား​ခဲ့​ပါ​လျှင်​အ​ဘယ် အ​ရပ်​တွင်​ထား​သည်​ကို​ကျွန်​မ​အား​ပြော​ပြ​ပါ။ ကျွန်​မ​သွား​၍​ယူ​ပါ​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယေရှုကလည်း အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကိုရှာသနည်းဟုမေးတော်မူသည့်ကာလ ဥယျာဉ်စောင့်ထင်မှတ်၍ မာရိက အလောင်းတော်ကိုရှင်ရွှေ့လျှင် အဘယ်မှာထားသည်ကိုပြောပါ၊ ကျွန်မယူသွားပါမည်ဟုပြန်ဆိုရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ အ​ဘယ်​သူ​ကို ရှာ​သ​နည်း​ဟု မေး​တော်​မူ၏။ မာ​ရိ​က၊ သင်​သည်​သူ့​ကို ဆောင်​သွား​သည်​မှန်​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ ကျွန်​မ ယူ​သွား​ပါ​မည်​အ​ရှင်​ဟု၊ ထို​သူ​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယေရှု​က​လည်း“အသင်​မိန်းမ၊ အဘယ်ကြောင့်​ငိုကြွေး​နေ​သနည်း။ မည်သူ့​ကို​ရှာ​နေ​သနည်း”​ဟု မေး​တော်မူ​၏။ မာရိ​သည် ကိုယ်တော်​ကို ဥယျာဉ်စောင့်​ဖြစ်​သည်​ဟု​ထင်မှတ်​၍ “အရှင်၊ အရှင်​သည် သူ့​ကို​ယူ​သွား​ခဲ့​လျှင် အဘယ်မှာ​ထား​သည်​ကို ကျွန်မ​အား​ပြော​ပါ။ သူ့​ကို​ကျွန်မ​ယူ​သွား​ပါ​မည်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ယေရှု​က “အို နှမငယ်… အဘယ်ကြောင့် ငိုကြွေး​သနည်း။ မည်သူ့​ကို ရှာသနည်း” ဟု မာရိ​ကို မေးတော်မူ၏။ မာရိ​သည် ယေရှု​ကို ဥယျာဉ်စောင့်​ဟု ထင်မှတ်​၍ “အရှင်… ကိုယ်တော်​သည် သူ့​ကို သယ်ယူသွားခဲ့​လျှင် မည်သည့်​နေရာ​၌ ထားသည်​ကို ကျွန်မ​ကို ပြောပါ။ ကျွန်မ သွား​၍ ယူပါမည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:15
12 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​အ​ဆိုး​ဖြစ်​လျက် ကောင်း​သော​စ​ကား​ကို အ​ဘယ်​သို့ ပြော​နိုင်​မည်​နည်း။ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။-


ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။-


ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-


အ​ပေါင်း​အ​ဖော်​စု​ထဲ​မှာ သူ​ငယ်​ပါ​သည်​ဟု စိတ်​ထင်​နှင့် တစ်​နေ့​ခ​ရီး​သွား​မိ​လျှင်၊ အ​ဆွေ​အ​မျိုး အ​သိ​အ​ကျွမ်း​တို့​တွင် ရှာ၍၊-


ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။-


ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-


ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။-


အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။-


ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ