Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:14 - မြန်မာ

14 ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​လျှင်၊ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဤ​သို့​ဆို​ပြီး​လျှင်​နောက်​သို့​လှည့်​၍​ကြည့်​ရာ သခင်​ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို​မြင် သော်​လည်း​သ​ခင်​ယေ​ရှု​ဖြစ်​သည်​ကို​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 နောက်သို့လှည့်၍ ယေရှုရပ်နေတော်မူသည်ကိုမြင်သော်လည်း ယေရှုမှန်းမသိချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​လျှင်၊ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထိုသို့​ဆို​ပြီးမှ နောက်​သို့​လှည့်ကြည့်​လိုက်​ရာ ယေရှု​ရပ်​လျက်​နေ​တော်မူ​သည်​ကို မြင်​သော်လည်း ယေရှု​ဖြစ်​ကြောင်း​ကို​မ​သိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထိုသို့​ဖြေ​ပြီးမှ နောက်​သို့ လှည့်ကြည့်​ရာ ယေရှု​ရပ်တော်မူ​လျက်​ရှိသည်​ကို မြင်လေ၏။ သို့သော်လည်း ယေရှု​ဖြစ်တော်မူသည်​ကို မာရိ​မသိချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:14
10 ပူးပေါင်းရင်းမြစ်များ  

လမ်း​မှာ​သွား​ကြ​စဉ် ယေ​ရှု​သည် ကြို​ဆို​တော်​မူ၍၊ သင်​တို့​အား မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​တို့​သည် ချဉ်း​ကပ်၍ ခြေ​တော်​ကို​ဖက်​ယမ်း​လျက် ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။-


ထို​နောက် တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် တော​ရွာ​သို့​သွား​စဉ်​တွင် ကိုယ်​တော်​သည် ခြား​နား​သော အ​ရောင်​ကို​ဆောင်​လျက် ကိုယ်​ကို​ပြ​တော်​မူ၏။-


ကိုယ်​တော်​သည် ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက် စော​စော​အ​ချိန်၌ ထ​မြောက်​ပြီး​မှ၊ အ​ထက်​က နတ်​ဆိုး​ခု​နစ်​ယောက်​ကို နှင်​ထုတ်​တော်​မူ​သော မာ​ဂ​ဒ​လ​မာ​ရိ​အား ရှေ့​ဦး​စွာ ကိုယ်​ကို​ပြ​တော်​မူ၏။-


ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။-


သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။-


ကိုယ်​တော်​သည် သူ​တို့​အ​လယ်၌ လျှောက်၍ ကြွ​သွား​တော်​မူ၏။


နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။-


ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ