ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ရှင်ယောဟန် 19:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့သည် ဂျူးလူမျိုးတို့၏ ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီး၌ ရှိသောကြောင့် သူတို့နှစ်ဦးသည် အလောင်းတော်ကို ထိုဂူ၌ သင်္ဂြိုဟ်ကြ၏။ Common Language Bible ထိုနေ့သည်ယုဒအမျိုးသားတို့၏အဖိတ် နေ့ဖြစ်သောကြောင့် အလောင်းတော်ကိုအနီး တွင်ရှိသည့်ထိုဂူ၌ပင်သင်္ဂြိုဟ်ကြ၏။ Garrad Bible ထိုနေ့လည်း ယုဒလူမျိုးတို့အဖိတ်နေ့ဖြစ်သောကြောင့် ယေရှုအလောင်းတော်ကိုဂူသွင်းကြ၏။ Judson Bible ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။ မြန်မာ ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။ |
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။
ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသောနေရာသည် မြို့နှင့် နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထားသောကြောင့် ဂျူးလူမျိုးများစွာတို့သည် ထိုစာကို ဖတ်ကြ၏။
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်သောကြောင့် ဂျူးခေါင်းဆောင်များက အလောင်းတို့ကို လက်ဝါးကပ်တိုင်တွင် ဥပုသ်နေ့ရောက်သည်အထိ မရှိစေလိုကြ။ ထိုဥပုသ်နေ့သည် ပသခါပွဲတော်ကျင်းပသည့် နေ့ထူးနေ့မြတ်လည်း ဖြစ်၏။ ထို့ကြောင့် သူတို့သည် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသော သူတို့၏ ခြေကို ချိုး၍ ယူသွားခွင့် ပေးရန် ပိလတ်မင်းထံ၌ ခွင့်တောင်းကြ၏။
ယေရှုကို လက်ဝါးကပ်တိုင်တွင် သတ်သောနေရာ၌ ဥယျာဉ်တစ်ခု ရှိ၏။ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။
ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။
သင်္ဂြိုဟ်ခြင်းကို ခံတော်မူပြီးနောက် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည့်အကြောင်း၊
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။