ငါခံရမည့် နှစ်ခြင်းမင်္ဂလာတစ်ပါးရှိ၏။ ထိုနှစ်ခြင်းမင်္ဂလာကို မခံမီအထိ ငါသည် အလွန်စိတ်ဖိစီးလှ၏။
ရှင်ယောဟန် 19:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အမှုအလုံးစုံ ပြီးစီးကြောင်းကို သိတော်မူသဖြင့် ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။ Garrad Bible ထိုနောက်အမှုခပ်သိမ်းပြီးစီးကြောင်းကိုသိမြင်တော်မူသဖြင့် ယေရှုက ငါရေငတ်သည်ဟု ကျမ်းချက်ပြည့်စုံစေခြင်းငှါမိန့်တော်မူရာ၊ Judson Bible ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။ မြန်မာ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။- |
ငါခံရမည့် နှစ်ခြင်းမင်္ဂလာတစ်ပါးရှိ၏။ ထိုနှစ်ခြင်းမင်္ဂလာကို မခံမီအထိ ငါသည် အလွန်စိတ်ဖိစီးလှ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသား၏အကြောင်းနှင့်ပတ်သက်၍ ပရောဖက်တို့၏ကြိုတင်ဟောပြောချက်ရှိသမျှတို့သည် ဖြစ်ပျက်လိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုအချိန်သည် ပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ ယေရှုသည် ဤလောကမှ ထွက်ခွာ၍ မိမိ၏ခမည်းတော်ထံသို့ ပြန်ကြွတော်မူရမည့် အချိန်ရောက်ပြီဖြစ်ကြောင်းကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ ရှိသော မိမိတပည့်တို့ကို ချစ်တော်မူ၏။ သူတို့ကို အဆုံးတိုင်အောင် ချစ်တော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။
ယေရှုသည် မိမိကြုံတွေ့ရမည့် အရာအားလုံးကို သိနှင့်ပြီးဖြစ်သောကြောင့် ရှေ့သို့ကြွလာ၍ “မည်သူ့ကို ရှာကြသနည်း” ဟု ထိုသူတို့ကို မေးတော်မူ၏။
ထို့ကြောင့် သူတို့က “ဤအင်္ကျီကို မဆုတ်ဖြဲဘဲ မည်သူရမည်ကို မဲနှိုက်ကြစို့” ဟု အချင်းချင်းပြောဆိုကြ၏။ ပြောဆိုသည့်အတိုင်းလည်း ပြုကြ၏။ ဤသို့ပြုကြခြင်းသည် “ငါ၏ အဝတ်တို့ကို ခွဲဝေ၍ အတွင်းအင်္ကျီကိုမူ မဲနှိုက်ယူကြ၏” ဟု ကျမ်းစာ၌ ဖော်ပြထားသောအချက်အတိုင်း ဖြစ်လာခြင်းဖြစ်၏။
ယေရှုသည် ထိုချဉ်သောစပျစ်ဝိုင်ကို မြည်းစမ်းတော်မူပြီးမှ “အမှုပြီးပြီ” ဟု မိန့်တော်မူ၏။ ထို့နောက် ဦးခေါင်းတော်ငိုက်၍ အသက်ချုပ်တော်မူ၏။
ဤသို့ဖြစ်ပျက်ရခြင်းမှာ “သူ၏ အရိုးတစ်ချောင်းမျှ မကျိုးစေရ” ဟူ၍ ကျမ်းစာတွင် ဖော်ပြထားသည့်အရာ ဖြစ်လာရန်ပင်ဖြစ်၏။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာတွင် ရေးသားထားသမျှကို ဆောင်ရွက်ကြပြီးနောက် အလောင်းတော်ကို သစ်တိုင်မှ ချ၍ သင်္ချိုင်းဂူတွင် ထားကြ၏။