Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် ကိုယ်တော်​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်​၍ “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​၏​အကြောင်း​နှင့်​ပတ်သက်​၍ ပရောဖက်တို့​၏​ကြိုတင်​ဟောပြောချက်​ရှိသမျှတို့​သည် ဖြစ်ပျက်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို အ ထံ တော် သို့ ခေါ်၍ ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ သည့် အ လျောက် ပ ရော ဖက် တို့ ဖြင့် ရေး ထား သ မျှ သည် လူ သား ၌ ပြည့် စုံ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:31
17 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ထို​နေရာ​၌ လူ​လေးထောင်​ခန့်​ရှိ၏။ စားကြ​ပြီးနောက် ယေရှု​သည် လူထု​ကို အိမ်​သို့ ပြန်စေတော်မူ၏။


ယေရှု​က “လူ​တစ်ယောက်​သည် ဂျေရုဆလင်မြို့​မှ ဂျေရိခေါမြို့​သို့ ခရီးသွား​စဉ် ဓားပြ​တို့​၏​တိုက်ခိုက်ခြင်း​ကို ခံရလေ၏။ ဓားပြ​တို့​သည် သူ​၏​အဝတ်​ကို ချွတ်​၍ ရိုက်နှက်ပြီး​သေလုမြောပါး​ဖြစ်​သောအခါ လမ်းဘေး​တွင် ပစ်ထားကြ၏။


“လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏​ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ထမြောက်မည်” ဟု မိန့်တော်မူ၏။


ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ကို ခံတော်မူသော​နေ့ရက် နီးတော်မူ​သောအခါ ယေရှု​သည် ဂျေရုဆလင်မြို့​သို့ ကြွတော်မူ​ရန် စိတ်ပိုင်းဖြတ်​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ