ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။
ရှင်ယောဟန် 19:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသောနေရာသည် မြို့နှင့် နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထားသောကြောင့် ဂျူးလူမျိုးများစွာတို့သည် ထိုစာကို ဖတ်ကြ၏။ Common Language Bible သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။- Garrad Bible ယေရှုကိုကားတင်ရာအရပ်သည် မြို့တော်နှင့်နီးသည့်ပြင် ထိုကမ္ပည်းကိုဟေဗြဲ၊ လက်တင်၊ ဂရိတ်ဘာသာများဖြင့် ရေးထားပြီးဖြစ်သောကြောင့် ယုဒလူအများတို့ဖတ်ကြည့်ကြသည်နှင့် Judson Bible ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏။ မြန်မာ ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- |
ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။
ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။
ထိုနေ့သည် ဂျူးလူမျိုးတို့၏ ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီး၌ ရှိသောကြောင့် သူတို့နှစ်ဦးသည် အလောင်းတော်ကို ထိုဂူ၌ သင်္ဂြိုဟ်ကြ၏။
ဂျေရုဆလင်မြို့၊ သိုးတံခါးအနီး၌ ဟေဗြဲဘာသာဖြင့် ဗေသေသဒဟု ခေါ်သည့် ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ငါးခုရှိ၏။
ပေါလုသည်မိမိကို တပ်စခန်းသို့ခေါ်ဆောင်သွားခါနီးတွင် တပ်မှူးကြီးအား “သင်နှင့်ကျွန်ုပ် စကားအနည်းငယ်ပြောပါရစေ” ဟု ခွင့်ပန်၏။ တပ်မှူးကြီးက “သင်သည်ဂရိစကား ပြောတတ်သလော။
တပ်မှူးကြီးက ခွင့်ပြုသဖြင့် ပေါလုသည်လှေကားပေါ်တွင် မတ်တတ်ရပ်၍ လူထုကြီးအား ငြိမ်သက်စေရန် လက်ရိပ်ပြလေ၏။ လူထုသည်တိတ်ဆိတ်ငြိမ်သက်သွားသောအခါ ပေါလုသည် ဟေဗြဲဘာသာစကားဖြင့် အောက်ပါအတိုင်းပြောကြားလေ၏။
ထိုသို့ ဟေဗြဲဘာသာစကားဖြင့် ပြောသောအသံကို ကြားရသောအခါ လူတို့သည် ပို၍ တိတ်ဆိတ်စွာ နားထောင်ကြ၏။
အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားသောအခါ ဟေဗြဲဘာသာစကားဖြင့် ‘ရှောလု… ရှောလု… ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း။ တုတ်ချွန်ကို ကန်လျှင် သင်သာလျှင် နာကျင်လိမ့်မည်’ ဟု ပြောသောအသံကို အကျွန်ုပ်ကြားရ၏။
ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
ထိုနတ်ဆိုးတို့သည် ရှင်ဘုရင်များအားလုံးကို ဟေဗြဲဘာသာစကားဖြင့် “အာမဂေဒုန်” ဟု ခေါ်သောအရပ်တွင် စုဝေးစေ၏။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။