မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ရှင်ယောဟန် 19:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ဦးခေါင်းခွံဟု ခေါ်ဆိုသောအရပ်သို့ ကြွတော်မူ၏။ ထိုအရပ်ကို ဟေဗြဲဘာသာဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။ Common Language Bible ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)- Garrad Bible ထိုသူတို့သည် ယေရှုကိုဆွဲယူကြ၍ ဟေဗြဲဘာသာဖြင့် ဂေါလဂေါသအမည်တွင်လျက် ဦးခေါင်းခွံခေါ်အရပ်သို့ ကားတိုင်ကို ကိုယ်တော်တိုင်ထမ်း၍ ကြွရောက်တော်မူသော်၊ Judson Bible ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။) မြန်မာ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- |
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
ယေရှုသည် ထိုသူကို ကြည့်လျက် မေတ္တာထားတော်မူသဖြင့် “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သွားလော့။ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ယေရှုကို စွဲချက်တင်၍ ရေးထိုးထားသည့် ကမ္ပည်းမှာ “ဂျူးတို့၏ ရှင်ဘုရင်” ဟူ၍ ဖြစ်၏။
အစ္စရေးတို့၏ရှင်ဘုရင်ဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းသည်ကို ငါတို့မြင်လျှင် ယုံကြည်မည်” ဟု အော်ဟစ်၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါ့တပည့်မဖြစ်နိုင်ပါ။
ယေရှုအား ခေါ်ဆောင်သွားစဉ် စစ်သားတို့သည် ကျေးလက်ဒေသမှလာသော ကုရေနေမြို့သား ရှိမုန်ကိုဖမ်းဆီး၍ လက်ဝါးကပ်တိုင်ကိုထမ်းစေပြီးလျှင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။
ဦးခေါင်းခွံဟု ခေါ်သောအရပ်သို့ ရောက်ကြသောအခါ ကိုယ်တော်နှင့်ရာဇဝတ်သားနှစ်ဦးကို လက်ဝါးကပ်တိုင်တစ်ခုစီတွင် ရိုက်ထားကြ၏။ တစ်ဦးကို ကိုယ်တော်၏လက်ယာတော်ဘက်နှင့် အခြားတစ်ဦးကို လက်ဝဲတော်ဘက်တွင် ထားကြ၏။
ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။
ထို့နောက် ပရိသတ်အပေါင်းတို့အား “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။
ဂျေရုဆလင်မြို့၊ သိုးတံခါးအနီး၌ ဟေဗြဲဘာသာဖြင့် ဗေသေသဒဟု ခေါ်သည့် ရေကန်တစ်ကန်ရှိ၏။ ထိုရေကန်၌ မုခ်ငါးခုရှိ၏။
ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။