Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:17 - မြန်မာ

17 ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထိုသူတို့သည် ယေရှုကိုဆွဲယူကြ၍ ဟေဗြဲဘာသာဖြင့် ဂေါလဂေါသအမည်တွင်လျက် ဦးခေါင်းခွံခေါ်အရပ်သို့ ကားတိုင်ကို ကိုယ်တော်တိုင်ထမ်း၍ ကြွရောက်တော်မူသော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​လျက် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်​သော​နေရာ​သို့ ထွက်သွား​တော်မူ​၏။ (ထို​အရပ်​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂေါလဂေါသ​ဟု​ခေါ်​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ကိုယ်တော်​သည် လက်ဝါးကပ်တိုင်​ကို ကိုယ်တိုင်​ထမ်း​၍ ဦးခေါင်းခွံ​ဟု ခေါ်ဆိုသော​အရပ်​သို့ ကြွတော်မူ၏။ ထို​အရပ်​ကို ဟေဗြဲဘာသာ​ဖြင့် “ဂေါလဂေါသ” ဟု ခေါ်ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:17
23 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-


ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-


အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။-


ယေ​ရှု​သည်၊ ထို​သူ​ကို​ကြည့်​ရှု​လျက် ချစ်​သော​စိတ်​ရှိ၍၊ သင်​သည် တစ်​ခု​လို​သေး၏။ သွား​လော့။ ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​လော့။ ထို​သို့​ပြု​လျှင်၊ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။-


ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။


ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။-


အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ့​တ​ပည့် မ​ဖြစ်​နိုင်​ရာ။-


ကိုယ်​တော်​ကို ထုတ်​သွား​ကြ​စဉ်၊ ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​သည် တော​ရွာ​မှ လာ​သည်​ကို သူ​တို့​သည်​တွေ့​လျှင်၊ ဖမ်း​ဆီး၍ ယေ​ရှု​နောက်​တော်၌ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။-


က​ရာ​နိ​အ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊ ကိုယ်​တော်​နှင့်​တ​ကွ ထို​လူ​ဆိုး​တို့​ကို လက်​ယာ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။-


ခေါင်း​တော်​ပေါ်​မှာ​တပ်၍ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင် ဘု​ရင်​ပေ​တည်း​ဟု ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့်​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။


ထို​မှ​တစ်​ပါး၊ လူ​အ​ပေါင်း​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ငါ၌​ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို နေ့​တိုင်း​ထမ်း၍ ငါ့​နောက်​သို့​လိုက်​ရ​မည်။-


ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ပြင်​သို့​ထုတ်​ပြီး​မှ၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂ​ဗ္ဗ​သ​အ​မည်​ရှိ၍ ကျောက်​ခင်း​ဟု​ခေါ်​ဝေါ်​သော​အ​ရပ်၌ တ​ရား​ပ​လ္လင်​ပေါ်​မှာ​ထိုင်​လေ၏။-


ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ