ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
ရှင်ယောဟန် 18:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကို ခေါ်လာစေပြီးလျှင် “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ Common Language Bible ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။ Garrad Bible ထိုအခါ ပိလတ်မင်းသည်ရုံးတော်အတွင်းပြန်ဝင်ပြီးလျှင် ယေရှုကိုခေါ်လျက် သင်သည် ယုဒလူမျိုးတို့ဘုရင်လောဟုမေးသော်၊ Judson Bible ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ မြန်မာ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။- |
ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။
ထိုသူတို့က “ဤသူသည် ပြည်သူလူထုကို လမ်းမှားစေ၍ ဆီဇာဘုရင်ထံ အခွန်ပေးဆောင်ခြင်းအား တားမြစ်နေသည်ကိုလည်းကောင်း၊ မိမိကိုယ်ကိုယ် ခရစ်တော်ဟူသော ရှင်ဘုရင်တစ်ပါးဖြစ်ကြောင်း ပြောဆိုနေသည်ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ရှိပါသည်” ဟု စွပ်စွဲကြ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
စွန်ပလွံခက်များကို ကိုင်ဆောင်လျက် ယေရှုကို ကြိုဆိုရန် ထွက်လာကြ၏။ ထိုသူတို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အစ္စရေးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော” ဟု ကြွေးကြော်ကြ၏။
ထိုဟောပြောချက်မှာ “အို ဇိအုန်မြို့သူမြို့သားတို့… မကြောက်ကြနှင့်။ ကြည့်လော့။ သင်တို့၏ ရှင်ဘုရင်သည် မြည်းကလေးပေါ်တွင် စီး၍ ကြွလာတော်မူပြီ” ဟူ၍ ဖြစ်၏။
ယေရှုက “သင်သည် မိမိဆန္ဒအလျောက် ဤသို့မေးသလော။ သို့မဟုတ် အခြားသူတို့သည် ငါ့အကြောင်းကို သင့်အား ပြောကြသလော” ဟု မေးတော်မူ၏။
ပိလတ်မင်းက “ဤသို့ ဆိုလျှင် သင်သည် ရှင်ဘုရင်လော” ဟု မေးလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ လာ၏။ သမ္မာတရားကို ချစ်မြတ်နိုးသူတိုင်းသည် ငါ့စကားမှန်ကန်ကြောင်းကို သိကြ၏” ဟု မိန့်တော်မူ၏။
ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း” ဟု မေး၏။ ထို့နောက် ပိလတ်မင်းသည် ဂျူးလူမျိုးများရှိရာ အပြင်သို့ တစ်ဖန်ထွက်၍ “ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လွှတ်ပေးရန် နည်းလမ်းရှာကြံလေ၏။ သို့သော် ဂျူးခေါင်းဆောင်များက “ထိုသူကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဘုရင်၏မိတ်ဆွေ မဟုတ်ပါ။ မိမိကိုယ်ကိုယ် ဘုရင်ဖြစ်သည်ဟူ၍ ကြေညာသောသူသည် ဆီဇာဘုရင်ကို ပုန်ကန်သူဖြစ်ပါ၏” ဟု အော်ဟစ်၍ ပြောဆိုကြ၏။
ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
ပိလတ်မင်းသည် အပြင်သို့ တစ်ဖန်ထွက်လာ၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိစေရန် သူ့ကို သင်တို့ထံ ခေါ်လာမည်” ဟု ဆို၏။
ထို့ကြောင့် ပိလတ်မင်းသည် ယေရှုကို ရုံးတော်သို့ ပြန်၍ ခေါ်ဆောင်ပြီးလျှင် “သင်သည် အဘယ်ကလာသနည်း” ဟု မေး၏။ သို့သော် ယေရှုသည် အဖြေမပေးဘဲ နေတော်မူ၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။