စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
ရှင်ယောဟန် 18:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။ Common Language Bible လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။- Garrad Bible ထိုနောက်နံနက်စောစောအချိန် ယေရှုကို ကာယဖမင်းထံမှပရဲတောရိခေါ်ရုံးတော်သို့ ယူသွားကြရာ၊ ထိုသူတို့သည် မသန့်ရာရောက်သဖြင့် ပသခါပွဲကိုမစားရမည်စိုး၍ ရုံးတော်တွင်းသို့ မဝင်ဘဲနေကြသောကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်သွားလျက်၊ Judson Bible နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။ မြန်မာ နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။- |
စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
ထိုအခါ စစ်သားများသည် ယေရှုကို ပြဲတောရိဟု ခေါ်သော ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
မိုးလင်းချိန်တွင် လူထုအကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် စုဝေးကြ၍ ယေရှုကို သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ဂျူးလူမျိုးတို့၏ ပသခါပွဲတော် နီးလာသဖြင့် ကျေးရွာအသီးသီးမှ လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းအမှုကို ပြုရန် ပွဲတော်မစမီ ဂျေရုဆလင်မြို့သို့ ကြိုတင်ရောက်လာကြ၏။
အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ ယောက္ခမဖြစ်၏။
ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးတို့သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်းနှင့် သိကျွမ်းသူဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းသို့ လိုက်ပါခွင့်ရလေ၏။
ထိုအခါ ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကို ခေါ်လာစေပြီးလျှင် “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။
သို့ရာတွင် သင်တို့သည် နှစ်စဉ်ပသခါပွဲတော်ကျင်းပချိန်တွင် အကျဉ်းသားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ငါ့ကို တောင်းဆိုသောဓလေ့ထုံးတမ်းရှိသည် မဟုတ်လော။ ထို့ကြောင့် ဤဂျူးတို့၏ရှင်ဘုရင်ဆိုသူကို လွှတ်ပေးစေလိုသလော” ဟု မေး၏။
ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင် အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
ထိုအချိန်သည် ပသခါပွဲတော်ကျင်းပရန်အတွက် ပြင်ဆင်ရာနေ့၏ မွန်းတည့်ချိန်ခန့် ဖြစ်၏။ ပိလတ်မင်းက “ကြည့်ကြလော့။ ဤသူသည် သင်တို့၏ ရှင်ဘုရင်ပင်ဖြစ်၏” ဟု ဂျူးလူမျိုးတို့ကို ဆို၏။
ထို့ကြောင့် ပိလတ်မင်းသည် ယေရှုကို ရုံးတော်သို့ ပြန်၍ ခေါ်ဆောင်ပြီးလျှင် “သင်သည် အဘယ်ကလာသနည်း” ဟု မေး၏။ သို့သော် ယေရှုသည် အဖြေမပေးဘဲ နေတော်မူ၏။
ပေတရုက “ဂျူးလူမျိုးတစ်ဦးသည် လူမျိုးခြားများထံ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် သူတို့နှင့် ပြောဆိုဆက်ဆံခြင်း မပြုသင့်ကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညမ်းသောသူ မစင်ကြယ်သောသူဟု မခေါ်သင့်ကြောင်း ကျွန်ုပ်အားဘုရားသခင်ဖော်ပြထားခဲ့ပြီ။
သို့ဖြစ်၍ ယုပ္ပေမြို့သို့ လူလွှတ်ကာ ပေတရုဟု ခေါ်သော ရှိမုန်အား ဖိတ်ခေါ်လော့။ သူသည် သားရေအလုပ်သမား ရှိမုန်၏အိမ်၌ တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းနားတွင်ရှိ၏’ ဟု ဆို၏။
“သင်သည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသောသူတို့ထံ သွား၍ ထိုသူတို့နှင့်အတူ စားသောက်ပါသည်” ဟု ပြစ်တင်၍ ပြောဆိုကြ၏။
အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။