ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။
ရှင်ယောဟန် 18:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် အစောင့်တပ်သားများနှင့် အိမ်အစေခံများသည် ချမ်းသဖြင့် မီးခဲဖိုကာ ပတ်လည်၌ ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း ထိုသူတို့နှင့်အတူ ရပ်လျက် မီးလှုံနေ၏။ Common Language Bible ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။ Garrad Bible ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။ Judson Bible ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။ မြန်မာ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။ |
ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။
ထို့နောက် သူသည် မီးလှုံနေသောပေတရုကို မြင်သော် သေချာစွာကြည့်ပြီးလျှင် “သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သောသူ ဖြစ်သည်” ဟု ဆိုလေ၏။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။
ထို့ကြောင့် ယုဒသည် ရောမတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့လွှတ်လိုက်သော ဗိမာန်တော်အစောင့်များကိုလည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့သည် မီးတုတ်များ၊ မီးအိမ်များနှင့် လက်နက်များကို ကိုင်ဆောင်၍ ထိုဥယျာဉ်သို့ ရောက်လာကြ၏။
သူတို့သည် ကုန်းပေါ်သို့ ရောက်ကြသောအခါ မုန့်ကိုလည်းကောင်း၊ မီးခဲပေါ်တွင် ကင်ထားသောငါးကိုလည်းကောင်း တွေ့ကြ၏။
ပေတရုနှင့်ယောဟန်တို့သည် လွတ်လာပြီးနောက် အခြားယုံကြည်သူများထံသို့ သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့ပြောခဲ့သမျှတို့ကို ပြန်ပြောပြကြ၏။
အလှည့်စားမခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့သည် ကောင်းသောစာရိတ္တကို ပျက်စီးစေကြ၏။