ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ရှင်ယောဟန် 18:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ ယောက္ခမဖြစ်၏။ Common Language Bible အန္နတ်မင်းကားထိုနှစ်တွင်ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖ၏ယောက္ခမဖြစ်၏။- Garrad Bible ထိုနှစ်တွင် ပရောဟိတ်မင်းဖြစ်သူ ကာယဖ၏ယောက္ခမအန္နတ်ထံ ဦးစွာယူသွားကြ၏။ Judson Bible အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။ မြန်မာ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမ ဖြစ်သတည်း။- |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ထို့နောက် ယေရှုကို ဖမ်းဆီးကြသောသူများသည် သူ့ကို ယဇ်ပုရောဟိတ်မင်း ကယာဖအိမ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအိမ်၌ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည်လည်း စုဝေးလျက် ရှိကြ၏။
အန္နနှင့် ကယာဖတို့သည်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်နေသောအချိန်တွင် ဘုရားသခင်၏စကားတော်သည် တောကန္တာရတွင် နေထိုင်သောဇာခရိ၏သား ယောဟန်ထံသို့ ရောက်လာ၏။
သူတို့ထဲမှ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖဆိုသူက “သင်တို့သည် မည်သည့်အရာကိုမျှ မသိကြ။
ထိုသို့ဆိုရာ၌ ကယာဖသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆိုသည်မဟုတ်။ သူသည် ထိုနှစ်အတွက် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ဂျူးတစ်မျိုးသားလုံးအတွက် ယေရှုအသေခံတော်မူမည့်အကြောင်းနှင့်
ထို့နောက် အန္နတ်မင်းသည် ယေရှုကို ချည်နှောင်လျက် ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့လိုက်၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင် အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
ထိုသူတို့နှင့်အတူ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန်းဒါးနှင့် ယဇ်ပုရောဟိတ်မင်း၏မိသားစုဝင်အပေါင်းတို့သည်လည်း ရှိကြ၏။