သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ရှင်ယောဟန် 16:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ Common Language Bible ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။- Garrad Bible ငါဧကန်အမှန်ဆိုသည်ကား လောကသားတို့ဝမ်းမြောက်လျက် သင်တို့ငိုကြွေးမြည်းတမ်းကြလိမ့်မည်။ ထိုသို့ဝမ်းနည်းရကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်ပြန်လိမ့်မည်။ Judson Bible ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။ မြန်မာ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။- |
သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
ထိုခဏချင်းတွင် ဒုတိယအကြိမ်ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည် “ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို ပြန်လည်သတိရသဖြင့် ငိုကြွေးလေ၏။
ဝမ်းနည်းပူဆွေး၍ ငိုကြွေးနေသောတပည့်တော်တို့ထံသို့ မာဂဒလမာရိသည် သွား၍ ထိုအဖြစ်အပျက်ကို ပြောပြလေ၏။
ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်များထံ ပြန်ကြွသောအခါ သူတို့သည် ဝမ်းနည်း၍ အားအင်ကုန်ခန်းသဖြင့် အိပ်ပျော်လျက်ရှိသည်ကို တွေ့မြင်တော်မူ၏။
လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။
ယေရှုက “သင်တို့သည် ခရီးသွားလျက် မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းရိပ်သန်းလျက် ရပ်နေကြ၏။
သူသည် အစ္စရေးလူမျိုးများကို ကယ်တင်မည့်သူဖြစ်ကြောင်း ငါတို့မျှော်လင့်နေခဲ့ကြ၏။ ဤအကြောင်းအရာများ ဖြစ်ပျက်သည်မှာ ယခု သုံးရက်ရှိပါပြီ။
ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝလင်စွာ စားရသောအခွင့်ကို ရကြမည်ဖြစ်သောကြောင့်ပင်။ ယခုငိုကြွေးဝမ်းနည်းသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ရယ်မောရသောအချိန်သည် ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
ထိုသို့ မမေးသည့်အပြင် ဤအကြောင်းအရာများကို ငါပြောသောကြောင့် သင်တို့အလွန်ဝမ်းနည်းပူဆွေးကြ၏။
ထိုသို့နှုတ်ဆက်တော်မူပြီးနောက် မိမိလက်တော်နှင့် နံဘေးတော်တွင် ရရှိခဲ့သော ဒဏ်ရာများကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကို တွေ့မြင်သောအခါ ဝမ်းမြောက်ကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမျိုးမျိုးသောဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ ဝမ်းမြောက်စရာသက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ထိုပရောဖက်နှစ်ပါး၏ အဖြစ်ကြောင့် ဝမ်းမြောက်၍ တစ်ဦးကိုတစ်ဦးလက်ဆောင်များ ပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကို ညှဉ်းဆဲသောကြောင့်ဖြစ်၏။
သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အညီ သူ့ကို ညှဉ်းဆဲ၍ ဝမ်းနည်းပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားကဲ့သို့ အုပ်စိုး၏။ ငါသည် မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ ဝမ်းနည်းပူဆွေးရမည် မဟုတ်’ ဟု မိမိစိတ်ထဲ၌ ပြောဆိုသောကြောင့်ဖြစ်၏။