ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်ခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ သွားရမည်ဖြစ်၍ သင်တို့သည် ငါ့ကို ပြန်လည်မြင်ရမည်မဟုတ်သောကြောင့်ဖြစ်၏။ Common Language Bible ငါသည်ခမည်းတော်ထံသို့သွားရမည်ဖြစ် ၍ သင်တို့ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ် သောကြောင့်အမှန်တရားအကြောင်းကို ဖော်ပြမည်။- Garrad Bible ခမည်းတော်ထံငါသွား၍ ငါ့ကိုမြင်ရတော့မည်မဟုတ်သည့်အတွက် ဖြောင့်မတ်ခြင်း၊ Judson Bible ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ မြန်မာ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- |
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
ယခုမှာမူ ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ‘အဘယ်အရပ်သို့ သွားမည်နည်း’ ဟု သင်တို့မမေးကြ။
မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
သို့ရာတွင် ငါ့အကြောင်းကို သက်သေခံသည့် အခြားတစ်ဦးရှိ၏။ သူ၏သက်သေ မှန်ကန်ကြောင်းကို ငါသိ၏။
သို့သော် ယေရှုက “ငါသည် သင်တို့နှင့်အတူ ခဏသာ နေရလိမ့်မည်။ ထို့နောက် ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ပြန်ရမည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ဘုရားသခင်သည် ယေရှုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့သည်လည်း ထိုထမြောက်ခြင်း၏သက်သေများဖြစ်ကြ၏။
သင်တို့သည် သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုကြ၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။