သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 13:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို ပြောဆိုပြီးနောက် ယေရှုသည် အလွန်စိတ်ပူပန်တော်မူလျက် “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ဤသို့မိန့်တော်မူပြီးသောအခါသခင်ယေရှု သည်ပြင်းစွာစိတ်ဒုက္ခရောက်တော်မူ၍ ``အမှန် အကန်သင်တို့အားငါဆိုသည်ကား၊ သင်တို့ အနက်တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့ လက်သို့အပ်နှံလိမ့်မည်'' ဟုပွင့်လင်းစွာမိန့် တော်မူ၏။ Garrad Bible ထိုသို့မိန့်တော်မူပြီးနောက် စိတ်တော်မသာ၍ ယေရှုက ငါဧကန်အမှန်ဆိုသည်ကား သင်တို့အနက် တစ်ယောက်ယောက်သည် ငါ့ကိုပို့အပ်လိမ့်မည်ဟုမိန့်တော်မူရာ၊ Judson Bible ထိုသို့ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ စိတ်တော်ပူပန်လျက်“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု သက်သေခံလျက် မိန့်တော်မူ၏။ မြန်မာ ထိုသို့ယေရှုသည် မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။- |
သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
တပည့်တော်တို့အား “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ဝမ်းနည်းလျက်ရှိ၏။ ဤနေရာတွင် နေ၍ ငါနှင့်အတူ သတိနှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
သူတို့သည် စားပွဲ၌ ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါနှင့်အတူ စားနေသော သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုသည် အမျက်တော်ဖြင့် ထိုသူတို့ပတ်လည်သို့ ကြည့်ပြီးမှ သူတို့၏ ခေါင်းမာမှုအတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ယေရှုသည် မာရိငိုကြွေးသည်ကိုလည်းကောင်း၊ မာရိနှင့်အတူလိုက်လာသော ဂျူးလူမျိုးတို့လည်း ငိုကြွေးကြသည်ကိုလည်းကောင်း မြင်တော်မူသောအခါ အလွန်ဝမ်းနည်း၍ စိတ်မချမ်းမသာဖြစ်တော်မူ၏။
ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။
ယခုငါသည် အလွန်စိတ်ပူပန်လျက်ရှိ၏။ ငါ့ခမည်းတော်ထံ ‘အို အဖ… အကျွန်ုပ်ကို ဤဒုက္ခရောက်ချိန်နှင့် ကင်းလွှတ်စေတော်မူပါ’ ဟု ဆုတောင်းရမည်လော။ သို့ရာတွင် ငါသည် ဤအချိန်နာရီအတွက် ရောက်လာခြင်းဖြစ်၏။
သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
မည်သူကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောလျက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြည့်ကြ၏။
ပေါလုသည် အေသင်မြို့တွင် သိလနှင့်တိမောသေတို့ကို စောင့်ဆိုင်းနေရစဉ် ထိုမြို့သည် ရုပ်တုများနှင့် ပြည့်လျက်ရှိသည်ကို တွေ့မြင်သော် အလွန်စိတ်သောကရောက်လေ၏။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။