ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
ရှင်ယောဟန် 11:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လာဇရုသည်လည်း ခြေလက်တို့၌ ပိတ်စဖြင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့် စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ပတ်ထားသောအဝတ်များကို ဖြေပေး၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible သေလွန်သူသည် လက်ခြေများအဝတ်ပတ်စည်းလျက် မျက်နှာလည်းပဝါပတ်ရစ်လျက် ထွက်လာ၏။ ယေရှုကလည်း ဖြည်၍လွှတ်လိုက်ကြဟု မိန့်တော်မူ၏။ Judson Bible ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။ မြန်မာ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ |
ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
အခြားသောအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာကို ကြည့်တော်မူပါ။ သခင်သည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကိုလည်း ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို အကျွန်ုပ်ကြောက်ရွံ့၍ ဤပဝါထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
ယေရှုက “ကျောက်တုံးကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။ ထိုအခါ သေလွန်သူ၏ အစ်မဖြစ်သူ မာသက “သခင်… လာဇရုသေသည်မှာ လေးရက်ရှိပါပြီ။ ထို့ကြောင့် ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်” ဟု လျှောက်လေ၏။
ထိုသူတို့နှစ်ဦးသည် ဂျူးတို့၏ သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းနှင့်အညီ ယေရှု၏အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ချောဖြင့် ရစ်ပတ်ကြ၏။
ထိုအခါ သူသည် ငုံ့၍ကြည့်သော် ပိတ်ချောထည်များ ရှိနေသည်ကို မြင်လေ၏။ သို့သော် သူသည် ဂူထဲသို့ မဝင်ဘဲနေ၏။
ယေရှု၏ခေါင်းတော်၌ ပတ်စည်းခဲ့သောပဝါသည် ထိုပိတ်ချောထည်နှင့်အတူမရှိဘဲ တစ်နေရာတွင် သီးခြားလိပ်လျက်ရှိနေသည်ကိုလည်းကောင်း မြင်လေ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။