Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 5:43 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 ထို​အဖြစ်အပျက်​ကို မည်သူ့​ကိုမျှ မပြော​ရန် ယေရှု​သည် သူတို့​အား တင်းကျပ်​စွာ သတိပေးတော်မူ​ပြီးနောက် ထို​မိန်းကလေး​ကို စားစရာ​ကျွေး​ရန် မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

43 ကိုယ်​တော်​က ``ဤ​အ​ကြောင်း​ကို​အ​ဘယ်​သူ​အား မျှ​မ​ပြော​နှင့်'' ဟု​သူ​တို့​အား​ကြပ်​တည်း​စွာ​ပ​ညတ် တော်​မူ​ပြီး​နောက် ``သူ​ငယ်​မ​အား​အ​စား​အ​စာ ကျွေး​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ထို အ ကြောင်း ကို မည် သူ မျှ မ သိ စေ ရန် ကြပ် တည်း စွာ မြစ် တား ပြီး နောက် သူ ငယ် မ အား စား ဖွယ် ပေး ကြ စေ ရန် အ မိန့် ရှိ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​မည်​အ​ကြောင်း၊ ထို​သူ​တို့​ကို ကျပ်​တည်း​စွာ ပ​ညတ်​တော်​မူ၍၊ သူ့​အား စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ကိုယ်တော်​က​လည်း မည်သူ​မျှ ဤ​အကြောင်း​ကို​မ​သိ​စေရန် သူ​တို့​အား တင်းကျပ်​စွာ​မိန့်မှာ​တော်မူ​ပြီးလျှင် သူ့​အား​စား​စရာ​ပေး​ရန် မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

43 ထို​အ​မှု​အ​ရာ​ကို အ​ဘယ်​သူ​မျှ မ​သိ​စေ​မည်​အ​ကြောင်း၊ ထို​သူ​တို့​ကို ကျပ်​တည်း​စွာ ပ​ညတ်​တော်​မူ၍၊ သူ့​အား စား​စ​ရာ​ပေး​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:43
15 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က ထို​သူ​အား “ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ သူ့​အား​ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ​ပျောက်ကင်းကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။


ထို​အကြောင်း​ကို မည်သူ့​ကိုမျှ မပြော​ရန် ကိုယ်တော်​သည် လူတို့​ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူ​လေ၊ သူတို့​သည် သတင်းတော်​ကို ပြောကြ​လေ​ဖြစ်၏။


ထို့နောက် ယေရှု​က ထို​သူ​အား “ဤ​အကြောင်း မည်သူ့​ကို​မျှ မပြောနှင့်။ ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ ပျောက်ကင်း​စင်ကြယ်ကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု တင်းကျပ်​စွာ သတိပေး​၍ မိန့်တော်မူ၏။


ထိုအခါ သူတို့​သည် မျက်စိ​မြင်လာကြ၏။ ယေရှု​က “ဤ​အကြောင်း​ကို မည်သူ့​ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်​စွာ သတိပေးတော်မူ၏။


လူတို့​၏​ဂုဏ်ပြုချီးမြှောက်ခြင်း​ကို ငါ​မခံလို။


ထို​မိန်းကလေး​၏​မိဘများ​သည် အလွန်​အံ့အားသင့်​လျက် နေ၏။ သို့သော် ကိုယ်တော်​သည် ဤ​အဖြစ်အပျက်​အား မည်သူ့​ကို​မျှ ပြန်မပြော​ရန် သတိပေးတော်မူ၏။


ထို့နောက် ဤ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် ထို​သူ​အား တားမြစ်တော်မူ​လျက် “ယဇ်ပုရောဟိတ်​ထံသို့ သွား​၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်​ရောဂါ ပျောက်ကင်း​စင်ကြယ်ကြောင်း လူတို့​ရှေ့​၌ သက်သေပြ​ရန် မောရှေ​၏​ပညတ်ကျမ်း​အတိုင်း ပူဇော်စရာများ​ကို ဆက်သလော့” ဟု မိန့်တော်မူ၏။


သို့သော်လည်း ကိုယ်တော်​က မိမိ​မည်သူ​ဖြစ်ကြောင်း မဖော်ပြ​ရန် ထို​နတ်ဆိုးတို့​အား တင်းကျပ်​စွာ သတိပေးတော်မူ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


သို့ရာတွင် လူ​အပေါင်းတို့​ထံ၌ ကိုယ်ထင်ပြစေတော်မူသည်​မဟုတ်။ ဘုရားသခင်​ကိုယ်တိုင် သက်သေများ​အဖြစ် ကြိုတင်​ရွေးချယ်ထားသော ကျွန်ုပ်တို့​ထံ၌​သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှု​ခရစ်တော် သေခြင်း​မှ ထမြောက်တော်မူ​ပြီးနောက် ကျွန်ုပ်တို့​သည်လည်း ထို​သခင်​နှင့်အတူ စားသောက်ကြ၏။


ထို့နောက် သူတို့​နှင့်အတူ စားပွဲ​တွင်​ထိုင်တော်မူ​ပြီးလျှင် မုန့်​ကို​ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်းတော်မူ၏။ မုန့်​ကို​လည်း ဖဲ့​၍ သူတို့​အား ပေးတော်မူ၏။


ထိုအခါ မိန်းကလေး​သည် ချက်ချင်း​ထ​၍ လမ်းလျှောက်လေ၏။ သူ​သည် ဆယ့်နှစ်နှစ်​အရွယ်​ရှိ၏။ ထိုအခါ လူတို့​သည် အလွန်​အံ့အားသင့်ကြ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ ယခု သင်တို့​မြင်တွေ့ခဲ့ရသော အရာ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ