Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ယေရှု​က “ကျောက်တုံး​ကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။ ထိုအခါ သေလွန်သူ​၏ အစ်မ​ဖြစ်သူ မာသ​က “သခင်… လာဇရု​သေသည်​မှာ လေးရက်​ရှိပါပြီ။ ထို့ကြောင့် ယခု​ဆိုလျှင် အနံ့​ထွက်နေပါ​လိမ့်မည်” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ကျောက်လုံးကိုဖယ်လိုက်ကြဟု မိန့်တော်မူသောအခါ သေသူ့အစ်မမာသက အရှင်ဘုရား၊ ယခုနံပါလိမ့်မည်။ သေသည်မှာ လေးရက်ရှိပါပြီဟုလျှောက်သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

39 ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:39
11 ပူးပေါင်းရင်းမြစ်များ  

လမ်း​တွင် သူတို့​က “ဂူဝ​၌ ရှိသော​ကျောက်တုံး​ကို မည်သူ​လှိမ့်ဖယ်ပေးမည်နည်း” ဟု အချင်းချင်း​ပြောဆိုကြ၏။


ယေရှု​သည် ဗေသနိရွာ​သို့ ရောက်​သော် လာဇရု​ကို သင်္ချိုင်းဂူ​၌ သင်္ဂြိုဟ်ပြီးသည်​မှာ လေးရက်​ရှိပြီ​ဖြစ်ကြောင်း ကြားသိတော်မူ၏။


ဒါဝိဒ်မင်း​သည် မိမိ​လက်ထက်​တွင် ဘုရားသခင်​၏​အလိုတော်​ကို ဆောင်ရွက်​ပြီးနောက် ကွယ်လွန်​၍ မိမိ​ဘိုးဘေးတို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်ခံရ​ပြီး ပုပ်ပျက်ခဲ့ရ၏။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ဝိညာဉ်​ကို မရဏ​နိုင်ငံ​၌ စွန့်ပစ်ထားတော်မူမည်​မဟုတ်။ ကိုယ်တော်​၏​သန့်ရှင်းသူ​ကိုလည်း ပုပ်ပျက်ခြင်း​နှင့် ကြုံတွေ့စေတော်မူမည်​မဟုတ်။


ကျွန်ုပ်တို့​သည် ဖျက်ဆီးခြင်း​ခံရသောသူတို့​အတွက် သေစေတတ်သော သေခြင်းတရား​၏​ရနံ့​ဖြစ်ပြီး ကယ်တင်ခြင်း​ခံရသော​သူများ​အတွက်​မှာမူ အသက်​ရှင်စေတတ်သော အသက်ရှင်ခြင်း​၏​ရနံ့​ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ​ကဲ့သို့သော တာဝန်​ကို မည်သူ​ထမ်းဆောင်​နိုင်မည်နည်း။


ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ