အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 6:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​၏ သတင်းတော်​သည် ကျော်ကြားလာ​သဖြင့် ဟေရုဒ်မင်း​ကြားလေ၏။ လူ​တချို့​က “ဤ​သူ​သည် သေရာ​မှ​ပြန်ရှင်လာသော နှစ်ခြင်းဆရာ​ယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

နာ မ တော် ကျော် စော သည့် အ တိုင်း အ ချို့ တို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် လေ ပြီ။ ထို့ ကြောင့် သူ၌ အ မှု ကြီး များ ထင် ရှား သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ဧ လိ ယ ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ရှေး ပ ရော ဖက် တစ် ပါး ပါး ကဲ့ သို့ ပ ရော ဖက် ဖြစ် သည် ဟူ၍ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 6:14
16 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သူတို့​သည် ထွက်သွား​၍ ယေရှု​၏​သတင်းတော်​ကို ထို​နယ်​တစ်ခွင်လုံး​၌ ပျံ့နှံ့စေကြ၏။


ထို့နောက် ကိုယ်တော်​၏​သတင်းတော်​သည် ဂါလိလဲပြည်​တစ်ခွင်လုံး​သို့ လျင်မြန်​စွာ ပျံ့နှံ့သွားလေ၏။


သို့သော်လည်း ထို​သူ​သည် သွား​၍ ထို​သတင်း​ကို နေရာအနှံ့​ပြော​လျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှု​သည် မြို့​ထဲသို့ ထင်ရှား​စွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသော​အရပ်တို့​တွင်သာ နေတော်မူ၏။ ထိုအခါ နေရာ​အသီးသီး​မှ လူတို့​သည် ကိုယ်တော်​ထံသို့ ရောက်လာကြ၏။


တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်၊ တချို့​က ဧလိယ၊ တချို့​က အခြား​ပရောဖက်​တစ်ပါးပါး ဖြစ်သည်​ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။


ထို​အချိန်​တွင် ဖာရိရှဲ​တချို့​သည် ယေရှု​ထံတော်သို့ လာ​၍ “ဤ​နေရာ​မှ ထွက်သွားပါလော့။ ဟေရုဒ်​သည် သင့်​ကို သတ်​ရန် ကြံစည်​လျက်​ရှိသည်” ဟု လျှောက်ကြ၏။


ရောမဘုရင် တိဗေရိ​ဆီဇာ နန်းစံနှစ် ဆယ့်​ငါးနှစ်​တွင် ပုန္တိပိလတ်မင်း​သည် ယုဒပြည်​၏​ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်​တွင် ဟေရုဒ်၊ ဣကုရဲပြည်​နှင့် တရားခေါနိတ်ပြည်​တွင် ဟေရုဒ်​၏​ညီ ဖိလိပ္ပု၊ အဘိလင်ပြည်​တွင် လုသာနိ စသဖြင့်​အသီးသီး​အုပ်ချုပ်​လျက်​ရှိ၏။


ထို​သတင်းတော်​သည် ယုဒပြည်​နှင့် ပတ်ဝန်းကျင် ဒေသ​အသီးသီး​သို့ ပျံ့နှံ့လေ၏။


တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်​ဟု ဆိုကြ၏။ သို့သော် တချို့​က ဧလိယ​ဖြစ်သည်​ဟု ဆိုကြ​၍ တချို့​က သေရာ​မှ ပြန်ရှင်လာသော ရှေး​ပရောဖက်​တစ်ပါးပါး​ဖြစ်သည်​ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ သတင်းကောင်း​သည် သင်တို့​ထံမှ မာကေဒေါနိပြည်၊ အခါယပြည်​သို့ ပျံ့သွားသည်​သာမက ဘုရားသခင်​ကို သင်တို့​ယုံကြည်သည့်​အကြောင်း​သည်လည်း နေရာတိုင်း​သို့ ပျံ့နှံ့သွား​သောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့​ယုံကြည်သည့်​အကြောင်း​နှင့် ပတ်သက်၍ မည်သည့်​အရာမျှ ကျွန်ုပ်တို့​ပြောစရာ​မရှိ။


တစ်ချိန်တည်း​မှာပင် ဘုရားသခင်​ကလည်း နိမိတ်​လက္ခဏာများ၊ အံ့ဖွယ်​ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိ​အလိုတော်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဆုကျေးဇူးများ​ကို ဝေမျှတော်မူခြင်း စသည်တို့​ဖြင့် သူတို့​နှင့်​အတူ သက်သေခံတော်မူ၏။