ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
ရှင်မာကု 16:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။ Common Language Bible [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- Garrad Bible ကိုယ် တော် သည် ခု နစ် ရက် တွင် ပ ဌ မ နေ့ နံ နက် စော စော ရှင် ပြန် ထ မြောက် ပြီး မှ နတ် ခု နစ် ကောင် ကို နှင် ထုတ် တော် မူ ဖူး သော မာ ဂ ဒ လ မာ ရိ အား ဦး စွာ ထင် ရှား တော် မူ လျှင်၊ အ စား၊ တစ် နည်း၊ ပေ တ ရု နှင့် အ ပေါင်း အ ဖော် တို့ အား မိန့် တော် မူ ခဲ့ သ မျှ ကို အ ချုပ် အား ဖြင့် ပြန် ကြား ကြ ပြီး နောက် ယေ ရှု ကိုယ် တော် တိုင် သည် ထာ၀ ရ ကယ် တင် ခြင်း ဆိုင် ရာ သင်္ခါ ရ ကင်း၍ သန့် ရှင်း သော သ တင်း တော် ကို အ ရှေ့ စွန်း မှ အ နောက် စွန်း တိုင် အောင် တ ပည့် တော် တို့ အား ဖြင့် လွှင့် တော် မူ သ တည်း။ Judson Bible ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။ မြန်မာ ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- |
ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
မာဂဒလမာရိနှင့် ယောသေ၏ မိခင်မာရိတို့သည် အလောင်းတော် သင်္ဂြိုဟ်သောနေရာကို တွေ့မြင်ကြ၏။
ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့တုန်လှုပ်၍ မိန်းမောတွေဝေလျက် သင်္ချိုင်းဂူမှ ပြေးထွက်လာကြ၏။ သူတို့သည် ကြောက်ရွံနေသောကြောင့် မည်သူ့ကိုမျှ စကားမပြောဘဲနေကြ၏။
ဤအကြောင်းအရာများကို တမန်တော်တို့အား ပြောပြကြသောသူများမှာ မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သော မာရိနှင့် အခြားသောအမျိုးသမီးများ ဖြစ်ကြ၏။
နတ်ဆိုးပူးခြင်းဘေးနှင့် အနာရောဂါဘေးတို့မှ သက်သာပျောက်ကင်းသွားသော အမျိုးသမီးတချို့သည်လည်း လိုက်ကြ၏။ ထိုအမျိုးသမီးများအနက် နတ်ဆိုးခုနစ်ကောင်ထွက်သွားသော မာဂဒလမြို့သူဟု ခေါ်သည့်မာရိ၊
အဝတ်ဖြူကို ဝတ်ဆင်ထားသော ကောင်းကင်တမန်နှစ်ပါးသည် ယေရှုအလောင်းတော်ထားရာနေရာ ခေါင်းရင်း၌ တစ်ပါး၊ ခြေရင်း၌ တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။
ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။
ကျွန်ုပ်ရောက်လာသောအခါ အလှူငွေကောက်ခံစရာ မလိုစေရန် အပတ်တိုင်း၏ ပထမနေ့တွင် သင်တို့တစ်ဦးချင်းစီက ရရှိသောဝင်ငွေထဲမှ တချို့ကို ထုတ်၍ စုထားကြလော့။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။