ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ရှင်မာကု 16:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။ Common Language Bible ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။- Garrad Bible တစ် လော က လုံး နှံ့ သွား၍ လူ သ တ္တ ဝါ အ ပေါင်း တို့ အား သ တင်း တော် မြတ် ကို ဟော ကြ လော့။ Judson Bible သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က“ကမ္ဘာအနှံ့အပြားသို့သွား၍ ဖန်ဆင်းခံလောကတစ်ခုလုံးအား ကောင်းမြတ်သောသတင်းကိုဟောပြောကြလော့။ မြန်မာ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။- |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် အစ္စရေးလူမျိုးတို့သည် သတင်းကောင်းကို မကြားခဲ့ရသလောဟု ကျွန်ုပ်မေးလို၏။ အမှန်ပင် ကြားခဲ့ရ၏။ ကျမ်းစာ၌ “ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တရားစကားသည်လည်း ကမ္ဘာစွန်းတိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
ကိုယ်တော်သည် ကြွလာ၍ ဘုရားသခင်နှင့် ဝေးကွာသော လူမျိုးခြား သင်တို့ကိုလည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့ကိုလည်းကောင်း ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကြားနာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အမှန်တကယ် နားလည်သည့်နေ့မှစ၍ သင်တို့ထဲ၌ အသီးအပွင့်များသီးပွင့်ကာ တိုးပွားသကဲ့သို့ ထိုသတင်းကောင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ တိုးပွားလျက်ရှိ၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်ကြသောသူများဟူသော တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် လူမျိုးအသီးသီးတို့အား ထာဝရသတင်းကောင်းကို ဟောပြောရန် ကောင်းကင်အလယ်၌ ပျံသန်းနေသည်ကို ကျွန်ုပ်မြင်ရ၏။